ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ လွှတ်တော် အစည်းအဝေးခန်းမှ ထွက်ခွာသွားခြင်းမှာ မဟုတ်မှန်


နိရဉ္စရာ၊ မတ်လ ၂၈

မတ်လ ၂၈ ရက် ယနေ့ နံနက်က ကျင်းပခဲ့သော လွှတ်တော်တွင် ANP မှ ဖြစ်ကြသည့် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒု လွှတ်တော် ဥက္ကဋ္ဌတို့ပါ သပိတ်မှောက် ထွက်ခွာသွားသည်ဟု သတင်းများရေးသား ဖော်ပြနေခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက နိရဉ္စရာသို့ ပြောကြားသည်။

“ ကျွန်တော်တို့ ထွက်သွားရင် ဒီကနေ့ ပြည်နယ် လွှတ်တော်က ဘယ်လို လုပ်ကျင်းပလို့ရမှာလဲ။ ကျွန်တော်တို့က အစကနေ အဆုံးထိ ရှိနေပါတယ်။ လွှတ်တော်မှာ အဆိုတင်သွင်း တာတွေ၊ ဆွေးနွေး တာတွေလည်း ကျွန်တော်တို့ ကိုယ်တိုင် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ဥက္ကဋ္ဌတွေက ထွက်ခွာ သွားတယ်ဆိုတာ မဟုတ်မှန်ပါဘူး” ဟု ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ က ပြောသည်။

ယနေ့ ထွက်ခွာသွားသော လွှတ်တော်ကိုယ်စားလှယ်မှာ စုစုပေါင်း ၁၉ ဦးရှိပြီး အားလုံးမှာ ရခိုင်အမျိုးသား ပါတီမှ ဖြစ်ကြောင်း၊ တစ်ခြား ကြံ့ခိုင်ရေးနှင့် တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များ မပါဝင်ကြောင်း သိရသည်။

“ လွှတ်တော်ကို နံနက် ၁၀ နာရီခွဲက စပြီး က စတင်ပါတယ်။ ဟိုဘက်က ဦးညီပုတို့နဲ့ လိုအပ်တာတွေကို ဆွေးနွေးခဲ့တာတွေရှိပါတယ်။ လွှတ်တော်မှာ ဦးညီပုကို ၀န်ကြီးချုပ် အဖြစ် အဆိုတင်တာကို ကန့်ကွက်လိုရင် မနက်ဖြန် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ကန့်ကွက်ဖို့ ပြောထားပါတယ်။ ဒါတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်အား မနက်ဖြန်တွင် နားမည် ဖြစ်ပြီး ၃၀ ရက်နေ့တွင် ပြန်စမည်ဟု သိရှိရပါသည်။

(ဓာတ်ပုံ- ရခိုင်ပြည်နယ် ဂျာနယ်)
Arakan State
https://www.facebook.com/NarinjaraNews
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ လွှတ်တော် အစည်းအဝေးခန်းမှ ထွက်ခွာသွားခြင်းမှာ မဟုတ်မှန်  ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ လွှတ်တော် အစည်းအဝေးခန်းမှ ထွက်ခွာသွားခြင်းမှာ မဟုတ်မှန် Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.