ညောင်ဦး၌ယွန်းထည် အရောင်းဆိုင် မီးလောင်မှုဖြစ်ပွား


ညောင်ဦး ဖေဖော်ဝါရီ ၂၄

ညောင်ဦးမြို့ အမှတ်(၅)နယ်မြေ စည်ပင်သာယာရပ်ကွက် ညောင်ဦးမှ ပုဂံမြို့ဟောင်းသွားလမ်း နံဘေးရှိ ဦးမြင့်ကျော်ဦး ပိုင်ဆိုင်သည့် မြင့်ယွန်းထည်အရောင်းဆိုင်တွင် ယနေ့နံနက် ၁ဝနာရီ ၅ မိနစ်က ဒစ်ဂျစ်တယ်လျှပ်စစ်မီးဖိုဖြင့် နွားနို့ကျိုရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်ခြောက်စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ်နှစ်စီးတို့နှင့်အတူ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီး ဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရှိ ဒေသခံပြည်သူစုစုပေါင်း ၁၅ဝ ခန့် တို့သည် အဆိုပါယွန်းထည် အရောင်းဆိုင်မှတစ်ဆင့် အခြား နေအိမ်နှင့် ဆိုင်ခန်းများသို့ မီးမကူး စက်နိုင်ရေး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ ကြရာ နံနက် ၁ဝ နာရီ မိနစ် ၅ဝ ခန့်က မီးလုံးဝငြှိမ်းသတ်နိုင် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ပေ (၄ဝx ၈ဝ) သွပ်မိုး အုတ်ကာ အုတ်ခင်းဆိုင်ခန်းတစ်ခန်းနှင့် ဆိုင် အတွင်းရှိ ယွန်းထည်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းမရှိကြောင်း သိရ သည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးမြင့်ကျော်ဦး အား သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

ရဲသူရအောင်(ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ညောင်ဦး၌ယွန်းထည် အရောင်းဆိုင် မီးလောင်မှုဖြစ်ပွား   ညောင်ဦး၌ယွန်းထည် အရောင်းဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:50 Rating: 5
Powered by Blogger.