ဟားခါး ဖေဖော်ဝါရီ ၂၄
ဟားခါးမြို့မှ ခုနစ်မိုင်အကွာရှိ နှီာရ်လှောန်းကျေးရွာ၌ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ဝဝ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိမ်ရှင်ဦးကျဲအိုအုပ်က ၄င်း၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ကာ၊ ပျဉ်ခင်းအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁ နာရီတွင် မီးညွန့်ကျိုးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့ထွက်ပြေးသူအိမ်ရှင်ဦးကျဲအိုအုပ်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဟားခါးမြို့နယ်၌ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
11:50
Rating: