မီးဘေးဒုက္ခသည်အတွက် အရေးပေါ် စည်းဝေးကျင်းပ

လပွတ္တာမြို့တွင် မီးလောင်မှုဖြစ်ပွား နေစဉ်။ ဓါတ်ပုံ - Myanmar Fire Services Department 
ရှမ်းပြည်နယ် ​နမ့်ဆန်မြို့နဲ့ ​ဧရာဝတီတိုင်း ​လပ္ပတ္တာမြို့ ​မီးအတွက် ​အဆင့်မြင့် ​အစိုးရ ​အဖွဲ့ဝင်တွေက  ​မီးဘေး ​ကယ်ဆယ်ရေးနဲ့ ​ပြန် ​လည်ထူထောင်ရေးအတွက် ​အရေးပေါ်အစည်း ​အဝေးတရပ် ​ကျင်းပနေပါတယ်။

ရှမ်းပြည်နယ် ​နမ့်ဆန်မြို့နဲ့ ​နာဂစ်မုန်တိုင်းဒဏ်ကို ​ခံခဲ့ရတဲ့ ​လပွတ္တာမှာ ​မီးလောင်ကျွမ်းမှုတွေ ​ဖြစ်ခဲ့လို့ ​ဆုံးရှုံးမှုတွေ ​များပြားပြီးတဲ့နောက် ​ကျင်းပနေတာ ​ဖြစ်ပါတယ်။

ပြန်ကြားရေး ​ဝန်ကြီး ​တင်ထားတဲ့ ​ဓာတ်ပုံမှာ ​ဒုသမ္မတ ​စိုင်းမောက်ခမ်းနဲ့ ​တခြား ​ထိပ်တန်း ​အရာရှိတွေလည်း ​အစည်းအဝေး ​တက်ရောက်နေတာကို ​တွေ့ခဲ့ရပါတယ်။

လပ္ပတ္တာမြို့မီးဟာ ​ဖေဖော်ဝါရီလ ​၄ ​ရက် ​ညနေ ​၈ ​နာရီကျော်ကနေ ​နောက်တမနက် ​၁ ​နာရီအထိ ​၅ ​နာရီနီးပါး ​လောင်ကျွမ်းခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီမီးကြောင့် ​အိမ်အလုံး ၉၀ ​ကျော်အပြင် ​ဆီဆိုင်တွေ၊ ​ပင်လယ်ထွက် ​ကုန်ဒိုင်တွေပါ ​မီးထဲ ​ပါသွားတယ်လို့ ​ဆိုပါတယ်။

နမ့်ဆန်မြို့ မီးလောင်ပြီးနောက် တွေ့ ရစဉ်။ ဓါတ်ပုံ - (facebook)
နမ့်ဆန်မြို့ ​မီးကတော့ ​ပိုဆိုးရွားပြီး ​အိမ်ပေါင်း ​ရာနဲ့ချီ ​မီးထဲ ​ပါသွားတာ ​ဖြစ်ပါတယ်။

တအာင်း ​ပလောင် ​ကိုယ်ပိုင် ​အုပ်ချုပ်ခွင့်ရ ​ဒေသက ​နမ့်ဆန်မြို့မှာတော့ ​အိမ်ပေါင်း ​၂၄၀ ​ကျော် ​မီးထဲပါသွားတာ ​ဖြစ်ပါတယ်။

သေဆုံးသူ ​ရှိမရှိဆိုတာ ​မသိရသေးပေမယ့် ​ဒဏ်ရာ ​ရသူတွေ ​ရှိတယ်လို့ ​တအာင်းပလောင် ​အမျိုးသမီး ​အဖွဲ့ရဲ့ ​တွဲဘက် ​အတွင်းရေးမှူး ​၁ ​ဘီဘီမိုးခမ်းက ​ပြောပါတယ်။

ဆေးစွဲတဲ့ ​အမျိုးသား ​တစ်ယောက်ကြောင့် ​မီးစတင်လောင်ကျွမ်းတာလို့ ​ယူဆနေကြပြီး ​အဲဒီလူကို ​လိုက်ရှာနေကြတယ်လို့ ​သိရပါတယ်။

အခုလောလောဆယ် ​မီးဘေး ​ဒုက္ခသည်တွေကို ​ကူညီဖို့ ​အလူငွေ ​ကောက်ခံမှုတွေလည်း ​ဖေ့စ်ဘွတ်ပေါ်မှာ ​ပျံ့နှံ့နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မီးဘေးဒုက္ခသည်အတွက် အရေးပေါ် စည်းဝေးကျင်းပ မီးဘေးဒုက္ခသည်အတွက် အရေးပေါ် စည်းဝေးကျင်းပ Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.