ပုသိမ်တက္ကသိုလ် ကျောင်းသားများအား ဓါးထောက် လုရက် နေသူများကို ဖမ်းဆီးရမိ


(17.2.2016) ရက်နေ့ ည ၈ နာရီခန့်တွင် ပုသိမ်တက္ကသိုလ် ပထမနှစ် ဘူမိဗေဒကျောင်း သား အာကာသည် သူငယ်ချင်းဖြစ်သူ သက်ပိုင်ဆွေ နိုနိုဇူးမောင်တို့နှင့်အတူ ပုသိမ်မြို့ မြကျွန်းသာ အိမ်ယာအဝိုင်းတွင် ထိုင်လျက်စကား ပြောနေစဉ် အမည်မသိလူငယ် ၃ ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ အာကာ နှင့် သက်ပိုင်ဆွေတို့၏ လည်ပင်အား ဓါးဖြင့် ထောက်ကာ ဖုန်း ၃ လုံးအား လုယူ၍ ထွက်ပြေး သွားသဖြင့် ပုသိမ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ ပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ချက်ချင်းလိုက်လံ စုံစမ်း ခဲ့ရာ ည ၁၁ နာရီအတွင်း ပြစ်မှုကျုးလွန်သူ တရားခံများဖြစ်သော မင်းထက်အောင် ရာမညရပ်ကွက် ရန်ကိုကို ရာမညရပ်ကွက် ထက်မြတ်အောင် ဗိုလ်ဗဌေးအတွင်းလမ်းနေသူ တို့အား ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့လုယူသွားခဲ့ဖုန်း များ လုယူစဉ် အသုံးပြုခဲ့သော ဓါးများ ဆိုင်ကယ် များ သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းတရားခံများအား စစ်ဆေးစဉ် မြကျွန်းသာ၌ လုယူပြီးနောက် ကန်ပတ်လမ်းသို့ ဝင်ရောက် ကာ အမည်မသိအတွဲတစ်တွဲအား ဓါးထောက် လျက် ဖုန်းလုယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ထို ဖုန်းအား သိမ်းဆည်းပြီး နစ်နာသူအား အ ကြောင်းကြားရန် စီစဉ်ထားရှိကြောင်း သိရသည်။

၎င်းတရားခံ မင်းထက်အောင်နှင့် ရန်ကိုကို တို့သည် ( 16.2.2016 ) ရက်နေ့ညပိုင်းတွင် စကားဝါလမ်းမှ လမ်းလျောက်နေသော လူတစ် ဦးထံမှ ဖုန်း တစ်လုံး ကင်မလင်းကျွန်း အထည်ချုပ်စက်ရုံအနီးတွင် လမ်းလျောက်နေသော လူတစ်ဦးထံမှ ဖုန်းတစ်လုံး တို့ကို ဓါးထောက်လျက် ဆိုင်ကယ် ဖြင် လုယူမူများ ကျူးလွန်ထာခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယနေ့ ပုသိမ်သတင်း
ပုသိမ်တက္ကသိုလ် ကျောင်းသားများအား ဓါးထောက် လုရက် နေသူများကို ဖမ်းဆီးရမိ  ပုသိမ်တက္ကသိုလ် ကျောင်းသားများအား ဓါးထောက် လုရက် နေသူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.