ရန်ကုန်-မန္တလေး အမြန်ကားလမ်းမ ဒုဋ္ဌဝတီတံတားပေါ်ဆိုင်ကယ်လုယက်မှုဖြစ်


 အမရပူရ ဇန်နဝါရီ ၃၁

 ရန်ကုန်-မန္တလေး အမြန်ကား လမ်းမ ဒုဋ္ဌဝတီတံတား၌ ဇန်နဝါရီ ၃ဝ ရက် ညနေ ၆ နာရီက ဆိုင်ကယ် လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မစန္ဒာဆွေ အမှတ်(၃) နယ်မြေ တဲတော်ရာရပ် တံတားဦး မြို့နေသူနှင့် သူငယ်ချင်းဖြစ်သူ မသင်းသင်းယုတို့မှာ ဆိုင်ကယ်ဖြင့် မန္တလေးမြို့မှ အထည်ပစ္စည်းများ ဝယ်ယူပြီး တံတားဦးမြို့သို့ ပြန်လာရာ အမရပူရမြို့နယ် စစ်ကိုင်းလမ်းခွဲသို့ အရောက်၌ ၄င်းတို့နှစ်ဦးနောက်မှ ဆိုင်ကယ်ဖြင့် ပါလာသော အမျိုးသားနှစ်ဦးမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမ ဒုဋ္ဌဝတီတံတား (တံတားဦး) အလယ်အရောက်တွင် အဆိုပါ အမျိုးသားနှစ်ဦးထဲမှ နောက်မှလိုက်ပါလာသူ မစန္ဒာဆွေ၏ ပခုံးထက်တွင် လွယ်ထားသော ငွေကျပ် ၁၁ဝဝဝဝ ပါသည့် စလင်းဘတ်အိတ်ကို လုယူရာ မစန္ဒာဆွေက အိတ်ကို ပြန်၍ဆွဲလိုက် သဖြင့် မစန္ဒာဆွေတို့ စီးလာသော ဆိုင်ကယ်ကို အဆိုပါအမျိုးသားတို့က ကန်ထုတ်လိုက်ရာ မစန္ဒာဆွေလက်ထဲ မှ အိတ်မှာ ၄င်းတို့လက်ထဲ ပါသွားပြီး ဆိုင်ကယ်မှာ လဲကျသွား ခဲ့ကာ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းသဖြင့် လှည့်ကင်းတာဝန် ဆောင်ရွက်နေသော အမရပူရမြို့မ လှည့်ကင်းယာဉ်မှ စခန်းမှူးဒုရဲမှူး မြင့်လွင်နှင့်အဖွဲ့၊ တံတားဦးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက လုယက်သူဆိုင်ကယ် သမားများနောက်သို့ လိုက်လံဖမ်းဆီး ကြရာ ဆိုင်ကယ်မောင်းနှင်သူ ဖိုးလပြည့်နှင့် နောက်မှစီးလာသူ ရဲလင်းနိုင်(ခ)ရဲကြီး(ခ)အာပြဲတို့ကို ဒုဋ္ဌဝတီတံတား အနောက်တံတားဦး မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုယက်ကျူးလွန်သူ နှစ်ဦးမှာ ဖိုးလပြည့်(၁၈နှစ်)နှင့် ရဲလင်းနိုင်(ခ)ရဲကြီး(ခ)အာပြဲ(၂၃နှစ်)တို့နှစ်ဦးအား အမရပူရ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မန္တလေး အမြန်ကားလမ်းမ ဒုဋ္ဌဝတီတံတားပေါ်ဆိုင်ကယ်လုယက်မှုဖြစ်  ရန်ကုန်-မန္တလေး အမြန်ကားလမ်းမ ဒုဋ္ဌဝတီတံတားပေါ်ဆိုင်ကယ်လုယက်မှုဖြစ် Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.