မင်းတပ်မြို့ စည်ပင်သာယာဈေး မီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ် မြို့မစည်ပင်ဈေးအား မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
  ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ် ၊ မြို့မစည်ပင်ဈေး မီးလောင်မှုအား နေ့လည် ၁၃း၁၅ နာရီတွင် ငြိမ်းသတ်နိုင်

  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

    ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ် ၊ မြို့မစည်ပင်ဈေး၌ ယနေ့  မီးလောင်မှုသည် နေ့လည် ၁၃း၁၅ နာရီတွင် လုံးဝမီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါမီးသည် ယနေ့ နေ့လည် ၁၂း၃၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနေ့လည် ၁၃း၁၅မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ၊ နေ့လည် ၁၃း၃၀မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း  သိရသည်။ မီးလောင်ကျွမ်းချိန်စုစုပေါင်း ၁ နာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ ဆက်လက်စုံစမ်းလျက်ရှိကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com




မင်းတပ်မြို့ စည်ပင်သာယာဈေးတန်း မီးလောင်မှုဖြစ်ပွား

မင်းတပ်မြို့စံပြရပ်ကွက်ရှိ စည်ပင်သာယာဈေးတန်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၂နာရီခွဲခန့်မှ စတင်မီးလောင်မှုဖြစ်ပွားကြောင်း ကနဦး သတင်း ရရှိသည်။

မင်းတပ် ပြန်/ဆက် ။ MOI Webportal Myanmar
မင်းတပ်မြို့ စည်ပင်သာယာဈေး မီးလောင်မှုဖြစ်ပွား  မင်းတပ်မြို့ စည်ပင်သာယာဈေး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.