(Credit: ABC) |
Alcatel-Lucent ဆိုတဲ့ ကုမ္ပဏီဟာ ပင်လယ်အောက်မှာ အင်တာနက်ကြိုးတွေကို သွယ်တန်းပေးတဲ့ နာမည်ကြီး ကုမ္ပဏီ ဖြစ်ပါတယ်။
မြန်မာကို သွယ်တန်းပေးမယ့် ရေအောက် အင်တာနက်ကြိုးကို Myanmar-Malaysia-Thailand-International Connection ဒါမှမဟုတ် MYTHIC လို့ အတိုကောက် ခေါ်ဝေါ်ထားပါတယ်။
အဲဒီ အင်တာနက်ကြိုးက မြန်မာနိုင်ငံ အင်တာနက်ကို တစ်စက္ကန့်အတွင်း Gigabits ၃၀၀ ပိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် မြန်မာရဲ့ အင်တာနက် မြန်နှုန်းက တစ်စက္ကန့်မှာ ၁၀၀ gigabits ပဲ ရှိပြီး အဲဒီကြို သွယ်တန်းပြီးရင်တော့ သုံးဆ မြန်လာ မယ်လို့ ဆိုပါတယ်။
၁၅ လ လောက် အချိန်ယူ သွယ်တန်းရမှာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလလောက်မှ စတင် အသုံးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
အခုလောလောဆယ် ရှိနေတဲ့ အင်တာနက်လိုင်းကို MPT က ချုပ်ကိုင်ထားပြီး အပြိုင်အဆိုင်မရှိတာကြောင့် အင်တာနက် bandwidth ဈေးဟာ စင်္ကာပူနိုင်ငံထက် ၁၀ ဆ ဈေးများပြီး ထိုင်းနိုင်ငံထက် ၂ ဆ ပိုများနေတာ ဖြစ်တယ်လို့ Frontier သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာအင်တာနက် ပိုမြန်အောင် လုပ်ဆောင်ကြမယ်
Reviewed by THITHTOOLWIN
on
18:21
Rating: