တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား ဖမ်းဆီးရမိ




နေပြည်တော်၊ ဒီဇင်ဘာ ၆

ဒီဇင်ဘာ ၅ ရက်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကျိုင်းတုံဘက်မှ တာချီလိတ် ဘက်သို့ စိုင်းကွမ်းစိန် မောင်းနှင်ပြီး စိုင်းလာ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ စိုင်းလာ ဝတ်ဆင်ထားသည့် ဘောင်းဘီယာဘက်အိတ် အတွင်းမှ ကပ်ခွာအိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် မော်တော်ယာဉ်အတွင်းမှ ကျောက်အရိုင်းတုံး (၅)တုံး၊ စုစုပေါင်းအလေးချိန် ၁၂ ဒသမ ၁ ကီလို သိမ်းဆည်းရမိသဖြင့် စိုင်းလာ(၂၃ ) နှစ် နှင့် စိုင်းကွမ်းစိန် (၅၃) နှစ်တို့ (၂) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။

( ရဲဇာနည် )

https://www.facebook.com/yezarnimedia
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား ဖမ်းဆီးရမိ တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား ဖမ်းဆီးရမိ Reviewed by Staff Writer on 14:31 Rating: 5
Powered by Blogger.