လွိုင်ကော်- ပျဉ်းမနားခရီးစဉ် အမှတ်(၁၄၈)အစုန် ရထားပေါ်မှ ဆေးခြောက်(၁၀)ကီလို ဖမ်းဆီးရမိ




နေပြည်တော်၊ ဒီဇင်ဘာ ၆

ဒီဇင်ဘာ ၀၅ ရက်က ရထားရဲတပ်ဖွဲ့ခွဲ(၇)၊ တပ်ဖွဲ့စု(၁) အောင်ပန်းမှ တပ်ဖွဲ့ဝင်များသည် အမှတ်(၁၄၈)အစုန် လွိုင်ကော်- ပျဉ်းမနားခရီးစဉ် ရိုးရိုးတန်းတွဲအမှတ်(၁)၊ တွဲအမှတ်- BDTS- 60312၊ ခုံအမှတ်(၁၊ ၂၊ ၃၊ ၄)တို့တွင် မြင်းဒိုက်- ပျဉ်းမနား ခရီးစဉ်ဖြင့်လိုက်ပါ လာသူ စိန်ဝင်း၊ မိုးဝင်း၊ မဖြူဖြူဝင်း နှင့် မနှင်းနှင်းမိုး တို့အား ရှာဖွေရာ ၎င်းတို့ သယ်ဆောင်လာသည့် လက်ဆွဲခြင်းအတွင်းမှ ပလတ်စတစ်အိတ်ဖြင့်ထုပ်လျက် အလေးချိန် ၂ ကီလိုစီပါ ဆေးခြောက် ဘလောက်တုံး ၂ တုံး၊ ၁ ဒသမ ၅ ကီလိုစီပါ ဆေးခြောက်ထုပ် ၄ ထုပ်၊ စုစုပေါင်း ဆေးခြောက် ၁၀ ကီလို သိမ်းဆည်းရမိသဖြင့် စိန်ဝင်း(၅၁) နှစ်၊ မိုးဝင်း(၃၂) နှစ်၊ မဖြူဖြူဝင်း (၄၉)နှစ် နှင့် မနှင်းနှင်းမိုး(၂၄)၊ နှစ် တို့(၄)ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

( ရဲဇာနည် )

https://www.facebook.com/yezarnimedia
လွိုင်ကော်- ပျဉ်းမနားခရီးစဉ် အမှတ်(၁၄၈)အစုန် ရထားပေါ်မှ ဆေးခြောက်(၁၀)ကီလို ဖမ်းဆီးရမိ လွိုင်ကော်- ပျဉ်းမနားခရီးစဉ် အမှတ်(၁၄၈)အစုန် ရထားပေါ်မှ ဆေးခြောက်(၁၀)ကီလို ဖမ်းဆီးရမိ Reviewed by Staff Writer on 14:32 Rating: 5
Powered by Blogger.