ဒရုန်းလေယာဉ်များ အသုံးပြုမှု စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်နိုင်ရန်စီစဉ်




လူလိုက်ပါမောင်းနှင်ခြင်းမရှိဘဲ အဝေးထိန်းစနစ် ရီမုကွန်ထရိုးဖြင့် သာ မောင်းနှင်ပျံသန်းရသညUnmanned Aircraft ဖြစ်သည့် ဒရုန်းယာဉ် များကို ပြည်တွင်း၌ အသုံးပြုလိုပါက လိုက်နာရမည့်လုပ်ထုံး လုပ်နည်းနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ဥပဒေအရ ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(DCA) မှ သိရသည်။

''ဒရုန်းဆိုတာက အမျိုးမျိုးရှိ ပါတယ်။ ယေဘုယျအားဖြင့် ဝ ဒသမ ၁ဝ ကီလိုအလေးချိန်လောက်ကနေ ကီလို ၂၅ဝ ကျော်အထိ ရှိပါတယ်။ အမြင့်ပျံသန်းနိုင်မှုက အနည်းဆုံး ပေ ၅ဝဝမှ အထက် ပျံနိုင်တဲ့ပုံစံ၊ သုံးစွဲတဲ့ပုံစံကလည်း သတင်းအချက် အလက်၊ သုတေသနလုပ်တာတွေ ကနေ စစ်ရေးကိစ္စတွေအထိ အမျိုး မျိုး အသုံးပြုကြပါတယ်။ အခု ကျွန်တော်တို့ ဌာနအနေနဲ့ ဒီဒရုန်းတွေ ကို အသုံးပြုဖို့အတွက် လိုက်နာရ မယ့် စည်း ကမ်းတွေ၊ လုပ်ထုံးလုပ်နည်း တွေကို ထုတ်ပြန်နိုင်ဖို့ ကြိုးစား ပြုစုနေ ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ထိုသို့ထုတ်ပြန်မည့် လုပ်ထုံးလုပ်နည်း များတွင် ဒရုန်းယာဉ် များကို အလေးချိန် ခုနစ်ကီလိုဂရမ်နှင့် အထက်များကို မှတ်ပုံတင်ရန် လိုအပ် ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ အခုတွေ့ရ သလောက်ကတော့ ဒရုန်းယာဉ် သုံးစွဲမှုက သတင်းအချက်အလက် နဲ့ ဖျော်ဖြေရေးတွေလောက်မှာပဲ သုံးစွဲနေကြသေး တယ်။ ဒီပစ္စည်းဟာ သုံးတတ်ရင် အကျိုးရှိပေမယ့် တလွဲသုံးမိရင် အန္တရာယ် ရှိတာ ကြောင့် စနစ်တကျ ဥပဒေဘောင်ထဲ ကအတိုင်း စည်းကမ်းနဲ့ လုပ်ထုံး လုပ်နည်းတွေကို အဆင့်အနည်းဆုံး နဲ့ အရိုးရှင်းဆုံးထုတ်ပြန်နိုင်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၌ မီဒီယာလုပ်ငန်း များတွင် ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူး ရန် အသုံးပြုသည့် ဒရုန်းယာဉ်များ ကို အချို့ဈေးဆိုင်များနှင့် အွန်လိုင်း ရှော့ပင်း များတွင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

( MOI Webportal Myanmar )

https://www.facebook.com/MOIWebportalMyanmar
ဒရုန်းလေယာဉ်များ အသုံးပြုမှု စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်နိုင်ရန်စီစဉ် ဒရုန်းလေယာဉ်များ အသုံးပြုမှု စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်နိုင်ရန်စီစဉ် Reviewed by Staff Writer on 14:34 Rating: 5
Powered by Blogger.