သီပေါကကြိုတင်မဲပြား SNLD နဲ့ NLD အကွက်မှာ မှင်စွန်းနေ


 နိုဝင်ဘာလ ၇ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာတော့ မဲပြားတွေမှာ ကျားခေါင်းပါတီပုံနဲ့ NLD ပါတီတံဆိပ်ပါတဲ့အကွက်မှာ မှင်စွန်းနေတယ်လို့ SNLD ပါတီဝင်တွေကပြော ပါတယ်။

ကြိုတင်မဲသွားပေးခဲ့တဲ့ SNLD ပါတီဝင်တွေကပြန်လည်ပြောပြချက်အရ မဲပြားပေါ်က ကျားခေါင်း ပါတီရဲ့အကွက်မှာ မှင်ပြာ မှင်နက်အစက်အပြောက်တွေပါနေတာကို တာဝန်ရှိ သူတွေက လဲစရာ မဲပြားမရှိလို့ ဆိုပြီး လဲခွင့်မပေးဘဲ အရှိအတိုင်းမဲထည့် လိုက်ရတယ်လို့ဆိုပါတယ်။ အရွက်တိုင်း တော့ မဖြစ် ပေမယ့် တော်တော်များများဖြစ်နေတယ်လို့သိရပါတယ်။

ခွပ်ဒေါင်းပါတီရဲ့ ကြယ်ကလည်း ပုံမှန်ဆိုရင်ကြယ် အဖြူရောင်ဖြစ်ရမှာကို မဲပြားထဲမှာ အ၀ါရောင်ဖြစ်နေတဲ့အတွက် ပယ်မဲဖြစ် မှာစိုးရိမ်နေကြပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့မဲပြားတွေကို ပြန်လဲပေးဖို့ မဲဆန်ဒရှင် လူထုက ပြန်ပြောရဲရမယ် လို့ သီပေါမြို့ က တက်ကြွလှုပ်ရှာသူလူငယ်ပါတယ်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သီပေါကကြိုတင်မဲပြား SNLD နဲ့ NLD အကွက်မှာ မှင်စွန်းနေ  သီပေါကကြိုတင်မဲပြား SNLD နဲ့ NLD အကွက်မှာ မှင်စွန်းနေ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.