ကျောက်မဲမြို့ ကြိုတင်မဲအချို့ မဲရုံမှူးလက်မှတ်မပါ


 နိုဝင်ဘာလ ၇ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုဝင်ဘာလ ၈ ရက် မဲရုံစောင့်မည့်သူများ ကျားခေါင်း ပါတီဝင်များ ယနေ့ ကြိုတင်မဲပေး ရာ မဲရုံမှူးလက်မှတ်မပါသဖြင့် ပယ်မဲဖြစ်မှာကို စိုးရိမ်နေကြ ပါတယ်။

ကျားခေါင်းပါတီက မဲရုံစောင့်ဖို့ လူ ၂၃၀ ကျော် ကြိုတင်မဲသွားပေးတော့ မဲပြားမှာ မဲရုံမှူး လက်မှတ်မရှိဘူး။ မဲရုံတာဝန်ရှိတွေက ပြသနာမရှိဘူး လို့ပြောပေမယ့် စိတ်မချရဘူး။ ပယ်မဲဖြစ်မှာကိုစိုးရိမ်နေတယ်။ မဲတွေကို နည်းအမျိုးမျိုးနဲ့လိမ်နေတယ်။ - ကျောက်မဲမြို့မှ စိုင်းသန်းမောင်က ပြောပါတယ်။

ဝမ့်နောင်ရွာကလွဲရင် မြို့ထဲမှာ မှတ်ပုံတင်ရှိရှိ မရှိရှိ သက်သေခံလက်မှတ် (တုံကင်ပြား)တွေ ထုတ်မပေးဘူး လို့ဆိုပါတယ်။ မိုင်းတန်မှာတော့ မနေ့က ကြိုတင်မဲတွေကို အလယ်တန်း ကျောင်းသားတွေကို တံဆိပ် ထုပြီးထည့်ပေးခိုင်းတယ် လို့ စိုင်းသန်းမောင်ကပြောပါတယ်။

ဒါ့အပြင် ပြန်လဲလှယ်ဖို့ မဲပြားအပိုလည်း မပေးလာဘူးလို့သိရပါတယ်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ကျောက်မဲမြို့ ကြိုတင်မဲအချို့ မဲရုံမှူးလက်မှတ်မပါ  ကျောက်မဲမြို့ ကြိုတင်မဲအချို့ မဲရုံမှူးလက်မှတ်မပါ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.