ဧည့်သည်မ၀င်လျှင် ထမင်းမကျွေးဘူးဆိုတဲ့ မြိတ်မြို့က KTV အနှိပ်ခန်း အလုပ်ရှင် အလုပ်သမား အချင်းများ


 တနင်္သာရီတိုင်း မြိတ်မြို့ ကြံတောရပ်ကွက် ဗန္ဓုလလမ်း၌ ဖွင့်လှစ်ထားသော KTV နှင့် အနှိပ်ခန်းဆိုင်တွင် ဧည့်သည်မ၀င်က ထမင်းမစားရကြောင်း ကိုယ်တိုင်လုပ်ကိုင်စားသောက်ခဲ့သူ မသဇင်ဦးက နိုဝင်ဘာ ၂၂ ရက်တွင် News Watch သို့ ပြောသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် သူငယ်ချင်း၏ ဆက်သွယ်ပေးမှုကြောင့် အဆိုပါ KTV အနှိပ်ခန်းတွင် ၀င်ရောက်အလုပ်လုပ်ခဲ့ကြောင်း၊ ဧည့်သည် မ၀င်သည့်နေ့များတွင် အလုပ်သမလေးများ ထမင်းမစားရကြောင်းနှင့် ဧည့်သည်ပေးသောငွေကိုလည်း ဆိုင်ပိုင်ရှင်ကို တ၀က်ခွဲပေးရကြောင်းကို မသဇင်ဦးက ပြောသည်။

ဆက်လက်ပြီး ၎င်းက ''အခု သမီး အမေပြန်ခေါ်လို့ အိမ်ကိုပြန်ရောက်နေပါတယ်။ အခု ဆိုင်သစ်ဖွင့်မယ့် မှော်ဘီမှာလည်း မလုပ်ချင်တော့ဘူး။ အကြွေးတွေတော့ပေးစရာ ကျန်သေးပါတယ်။ သူတို့က ပြန်ခေါ်တယ်။ အကြွေးမကျေသေးဘူးဆိုပြီး အမှုဖွင့်မယ်လို့လည်း ပြောတယ်။ မြိတ်မြို့မှာ သမီးနဲ့ရည်းစားဖြစ်တဲ့ ဗိုလ်ကြီး ကပေးတဲ့ ငွေနှစ်သိန်းကို ခွဲပေးရတယ်။ KTV မိန်းကလေးကြေးက တနာရီ ၁၅၀၀ ဆက်ရှင်နဲ့ရတယ်။ အခန်းခ က ၅၀၀၀ ပိုင်ရှင်ယူတယ်။ KTV အခန်းအတွက် လိုင်စင်ရှိပြီး အနှိပ်ခန်းအဖြစ် ဖွင့်တာကတော့ လိုင်စင်မရှိ ဘူးလို့ သိရပါတယ်။ သမီးတို့ အလှည့်ကျ ချက်ပြုတ်ရပါတယ်။ ထမင်းမစားရဘူးဆိုတာ မပြစ်ပေးတဲ့ သဘော ပါ။ မိန်းကလေး ၁၂ ယောက်အတူ အလုပ်လုပ်ပါတယ်”ဟု ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သာသနာ့ရိပ်သာ ရပ်ကွက် ရန်ကင်း ၁ လမ်းတွင် ပြန်လည်ရောက်ရှိနေသူ မသဇင်ဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ၎င်းဆိုင်မှ ဒေါ်သီရိရွှေစင်ထွန်းက ''ထမင်းတွေ ဘာတွေလည်း ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ကျွန်မက ဆိုင်ပိုင်ရှင် မဟုတ်ပါဘူး။ ဆိုင်ပိုင်ရှင်က နေမျိုးလင်းပါ။ ကျွန်မက သိန်း ၃၀ ပဲ ရှယ်ယာဝင်တာပါ။ ၀န်ထမ်းအသိုင်းအ၀ိုင်းဆိုတော့ မလုပ်ပါဘူး။ ကျွန်မက ကောင်မလေးကို ဒီဘ၀မှာ မမျောနေဖို့ ပြောပါတယ်။ ဖုန်းတွေဘာတွေလည်း အကြွေးရောင်းပေးပါတယ်။ အကြွေးတွေကတော့ မကျေသေးပါဘူး။ ဧည့်သည်ဆီကရတဲ့ ငွေကို တ၀က်ခွဲယူတာ မဟုတ်ပါဘူး။ သူ့ချစ်သူ ကောင်လေး ဗိုလ်ကြီးက လော့ကတ်သီးဝယ်ပေးဖို့ ကျွန်မဆီမှာ လာပြောတယ်။ ကျွန်မကလည်း သူနဲ့ သိနေတော့ ၀ယ်ပေးလိုက်တယ်။ ကောင်လေးကလည်း အကြွေးလာမဆပ်သေးဘူး၊ ဆိုင်ပိုင်ရှင် ဖြစ်သူ နေမျိုးလင်း မန္တလေးခဏသွားတော့ ကျွန်မ လေးပတ်လောက် တာဝန်ယူတာပါ။ အခု ဆိုင်သစ်ဖွင့်ဖို့ ပြန်ခေါ် တာလည်း မဟုတ်ပါဘူး။ သူတို့ သားအမိကို ပုဒ်မ (၄၂၀) အရ တရားစွဲဆိုသွားမယ်''ဟု ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဧည့်သည်မ၀င်လျှင် ထမင်းမကျွေးဘူးဆိုတဲ့ မြိတ်မြို့က KTV အနှိပ်ခန်း အလုပ်ရှင် အလုပ်သမား အချင်းများ  ဧည့်သည်မ၀င်လျှင် ထမင်းမကျွေးဘူးဆိုတဲ့ မြိတ်မြို့က KTV အနှိပ်ခန်း အလုပ်ရှင် အလုပ်သမား အချင်းများ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.