ကြည့်မြင်တိုင်မြို့နယ်တွင် ညအချိန် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား


 ကြည့်မြင်တိုင် နိုဝင်ဘာ ၂၅

နိုဝင်ဘာ ၂၄ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်က ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း စိုးမင်းအောင် မောင်းနှင်လာသော 7G------- ကွန်ကရစ်ဖျော်စက်တင် ယာဉ်က အခြားယာဉ်ကို တိုက်မိရာမှ ယာဉ်လေးစီးဆင့်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ကွန်ကရစ် ဖျော်ယာဉ်မှာ ပိတောက်ပင်လမ်းထိပ် အနီးအရောက် ယာဘက်လမ်းစပ်တွင် ရပ်ထားသော နစ်ဆန်းဒီဇယ်ထရပ် ကွန်တိန်နာတင် ဖြူ/စိမ်းအငှား ယာဉ်နှင့် ဆူဇူကီးပစ်ကပ်ခဲရောင် ကိုယ်ပိုင်ယာဉ်၊ ပရိုဘောက်အဖြူရောင် အငှားယာဉ်တို့အား တိုက်မိပြီး ပိတောက်ပင်လမ်းထိပ်ရှိ အမှတ်(၂)နေအိမ် သံပန်းတံခါးတို့အား တိုက်မိခဲ့သည်။ ယာဉ်လေးစီးနှင့် နေအိမ် သံပန်းတံခါးပျက်စီးသွားပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုမင်းအောင်အား ကြည့်မြင်တိုင် မြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးအရေး ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တင်မောင်ဦး(အလုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကြည့်မြင်တိုင်မြို့နယ်တွင် ညအချိန် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား  ကြည့်မြင်တိုင်မြို့နယ်တွင် ညအချိန် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.