သပိတ်ကျင်းမှာ ရွှေတူးသူတွေ များပြား


 မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရက်ကွင်းနဲ့ ကျောက်ဖျာကျေးရွာကြားမှာ ရွှေကြောတွေ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် အနီးအနားက ဒေသခံတွေ ထောင်နဲ့ချီပြီး သွားရောက် တူးဖော်နေကြပါတယ်။

အဲဒီရွှေကြောကို နိုဝင်ဘာလ ၁၄ ရက်နေ့က ဆက်သွယ်ရေး ကေဘယ်ကြိုးသွယ်တန်း ဖို့ မြေတူးရာ ကနေ စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သပိတ်ကျင်းမြို့ဒေသခံ ကိုညီ က ပြောပါတယ်။

"ဆက်သွယ်ရေးဖုန်းလိုင်းကြိုးတွေသွယ်နေရင်းကနေတွေ့တာပေါ့၊ ကျောက်ခဲလေး တွေကနေရွှေကပါတာပေါ့၊ ပထမ ၄၊ ၅ ယောက်ကနေ၊ ၄ဝ၊ ၅ဝ လောက်ဖြစ် လာတာ၊ အခုချိန်ထိ ပြဿနာတစ်စုံတစ်ရာတော့မရှိသေးပါဘူး၊ သူတို့မိသားစုတွက် စားဝတ် နေရေးလုံးပန်းနေရတဲ့အချိန်ဖြစ်တော့ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာ  မရှိကြပါဘူး၊ ထိခိုက်ဒဏ်ယာလဲမရှိသေးပါဘူး"

ရွှေကြောထွက်တယ်ဆိုတဲ့နေရာကို သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်း၊ ကျောက်ဖြာ၊ ကျောက်ဖြူ၊ လိပ်ကျ၊ စုန်ကုန်း၊ လက်ပံလှ စတဲ့ ကျေးရွာကဒေသခံတွေ အပါအဝင် မိုးကုတ်နဲ့ အခြားဒေသတွေ ကလည်း လာရောက် တူးယူနေကြတယ်လို့ ပြောပါတယ်။

အခုချိန်ထိတော့ ဒေသဆိုင်ရာအာဏာပိုင်တွေက အရေးမယူ၊ မတားမြစ်သေးပေမဲ့ အခုလို တူးနေတာက ဥပဒေနဲ့မညီကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သတိပေးစာတွေ လိုက်ကပ်နေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
သပိတ်ကျင်းမှာ ရွှေတူးသူတွေ များပြား   သပိတ်ကျင်းမှာ ရွှေတူးသူတွေ များပြား Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.