မာလီမှာ တိုက်ခိုက်ခံရမှု ၀မ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်ကျင်းပ


မာလီနိုင်ငံ ဗာမာကိုမြို့တော်က ဟော်တယ်တစ်ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့က အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးသေဆုံးခဲ့အပြီးမှာ နိုင်ငံတော် ၀မ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ စတင်ကျင်းပနေပါတယ်။

မာလီ အထူးတပ်ဖွဲ့တွေက ရာဒါစင် ဟော်တယ်မှာ ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဧည့်သည်တွေနဲ့ ၀န်ထမ်းတွေ လွတ်မြောက်ရေးအတွက် ဟော်တယ်ကို စီးနင်းရှာဖွေခဲ့ရာမှာ စစ်သွေးကြွ သေနတ်သမား ၂ ဦး သေဆုံးခဲ့ပါတယ်။

သီးခြား အစ္စလာမ်မစ် အုပ်စုနှစ်ခုက ဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာလို့ ပြောဆိုခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ သေနတ်သမား အရေအတွက်နဲ့ ဘယ်နိုင်ငံသားဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese/
မာလီမှာ တိုက်ခိုက်ခံရမှု ၀မ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်ကျင်းပ မာလီမှာ တိုက်ခိုက်ခံရမှု ၀မ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်ကျင်းပ Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.