ခေါင်းနှစ်လုံးနဲ့ကလေး ဘင်္ဂလားမှာမွေး

Brahmanbaria မြို့မှာ မွေးဖွားခဲ့တဲ့ ကလေးကို မြို့တော်က ဆေးရုံကို ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။ (Credit: AFP) 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​ဆရာဝန်တွေက ​ခေါင်းနှစ်လုံးပါတဲ့ ​ကလေးမလေး ​တစ်ယောက်ကို ​မွေးဖွားပေးနိုင်ခဲ့ပြီး ​ဆေးရုံမှာပဲ ​စောင့်ကြည့်ကုသမှု ​လုပ်ပေးနေရပါတယ်။

ခေါင်းနှစ်လုံးပါတဲ့ ​ကလေးက ​ဆေးရုံမှာ ​မွေးတယ်ဆိုတဲ့ ​သတင်းကို ​ကြားလို့ ​ထောင်နဲ့ချီတဲ့ ​လူတွေက ​ဆေးရုံကို ​လာပြီး ​ကြည့်ရှုကြတယ်လို့ ​ဆရာဝန်တွေက ​ပြောပါတယ်။

အဲဒီ ​ကလေးဟာ ​ဗုဒ္ဓဟူးနေ့တုန်းက ​မွေးဖွားပြီး ​အခုအခါမှာ ​အသက်ရှု ​ခက်ခဲမှု ​ဖြစ်နေတဲ့အတွက် ​မြို့တစ်မြို့က ​ဆေးရုံကနေ ​မြို့တော် ​ဒါကာမြို့က ​အကြီးဆုံး ​ဆေးရုံကို ​ခေါ်ပြီး ​ကုသမှု ​လုပ်နေရပါတယ်။

ဖခင်ဖြစ်သူ ​Jamal ​Mia ​ကတော့ ​သမီးကို ​တွေ့တဲ့အခါမှာ ​အံ့အားသင့် ​မင်သက်ခဲ့ရတဲ့အကြောင်း ​အခုအခါမှာတော့ ​သူ့သမီးလေးက ​ပါးစပ်နှစ်ခုနဲ့ ​အစာစားနေသလို ​နှာခေါင်းနှစ်ခုနဲ့ ​အသက်ရှုနေတယ်လို့ ​ပြောပါတယ်။

မိခင်နဲ့ ​ကလေး ​ကျန်းမာနေတဲ့အတွက် ​အာလာအရှင်မြတ်ကို ​ကျေးဇူးတင်တယ်လို့လည်း ​ပြောပါတယ်။

ကလေးရဲ့ ​ဖခင်က ​လယ်အလုပ်သမားဖြစ်တဲ့အတွက် ​ဒီကလေးကို ​သာမာန်ထက် ​ပိုစောင့်ရှောက်ရမယ်ဆိုရင် ​တတ်နိုင်ပါ့မလား ​ဆိုပြီး ​ဆင်းရဲတဲ့ ​မိသားစုထဲကို ​ရောက်လာတဲ့ ​သမီးလေးအတွက် ​စိုးရိမ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​၂၀၀၈ ​ခုနှစ်တုန်းကလည်း ​ခေါင်းနှစ်လုံးပါတဲ့ ​ကလေးတစ်ယောက် ​မွေးဖွားဖူးပေမယ့် ​မကြာခင်မှာပဲ ​သေဆုံးသွားတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ခေါင်းနှစ်လုံးနဲ့ကလေး ဘင်္ဂလားမှာမွေး  ခေါင်းနှစ်လုံးနဲ့ကလေး ဘင်္ဂလားမှာမွေး Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.