Beirut မြို့ ဗုံးပေါက်ကွဲမှုကို လုပ်ခဲ့တာလို့ IS ဝန်ခံ

ဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တဲ့ နေရာကို အရေးပေါ် ကားတွေ ရောက်ရှိလာစဉ် (Credit: AFP) 
လက်ဘနွန်နိုင်ငံရဲ့ ​မြို့တော် ​Beirut ​မြို့မှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​ဗုံးပေါက်ကွဲမှုတွေကို ​သူတို့က ​ပြုလုပ်တာ ​ဖြစ်ပြီး ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​ဝန်ခံထားပါတယ်။

မနေ့ည ​၆ ​နာရီလောက်မှာ ​ဗုံးနှစ်လုံး ​ပေါက်ကွဲမှုကြောင့် ​အနည်းဆုံး ​လူ ​၄၁ ​ယောက် ​သေဆုံးပြီး ​၁၈၀ ​ကျော် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ​Hezbollah ​အဖွဲ့တွေ ​လှုပ်ရှားမှုများတဲ့ ​ဒေသမှာ ​ဖြစ်ပွားခဲ့တာပါ။

Hezbollah ​အဖွဲ့ဟာ ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​ကို ​ထောက်ခံသူ ​ဖြစ်ပြီး ​IS ​အဖွဲ့ကတော့ ​ဆီးရီးယား ​သမ္မတကို ​ဆန့်ကျင်တဲ့အဖွဲ့ ​ဖြစ်ပါတယ်။

IS ​အဖွဲ့ဝင်တွေက ​မော်တော်ဆိုင်ကယ်ကို ​အသုံးပြုပြီး ​ဗုံးဖောက်ခွဲခဲ့တာလို့ ​IS ​အဖွဲ့က ​ပြောဆိုလိုက်ပါတယ်။

လက်ဘနွန်ရဲတွေကတော့ ​ခြေကျင်နဲ့ ​လူနှစ်ယောက်က ​ဗုံးတွေ ​တပ်ဆင်တဲ့ ​အကျီင်္ကို ​ဝတ်ဆင်ပြီး ​လူသွားလူလာများတဲ့ ​နေရာမှာ ​အသေခံ ​ဗုံးဖောက်ခွဲခဲ့တာလို့ ​ပြောပါတယ်။
Hezbollah ​အဖွဲ့ကတော့ ​IS ​လို ​အကြမ်းဖက် ​သမားတွေကို ​မြေလှန်တိုက်ခိုက်သွားမယ်လို့ ​ပြန်လည် ​ကြုံးဝါးလိုက်ပါတယ်။
အခင်းဖြစ်ပွားတဲ့ ​နေရာကို ​ရောက်ရှိနေတဲ့ ​အေဘီစီ ​သတင်းထောက် ​Matt ​Brown ​ကတော့ ​သွေးအိုင်တွေ၊ ​မှန်စတွေ၊ ​အပျက်အစီးတွေကို ​အများအပြား ​တွေ့ရတယ်လို့ ​ပြောပါတယ်။
လက်ဘနွန် ​ဝန်ကြီးချုပ်က ​သောကြာနေ့ကို ​ဝမ်းနည်းအောက်မေ့ဖွယ်ရာ ​နေ့အဖြစ် ​သတ်မှတ်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Beirut မြို့ ဗုံးပေါက်ကွဲမှုကို လုပ်ခဲ့တာလို့ IS ဝန်ခံ Beirut မြို့ ဗုံးပေါက်ကွဲမှုကို လုပ်ခဲ့တာလို့ IS ဝန်ခံ Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.