အစိုးရဖြစ်တဲ့အခါ မိုင်းလုပ်ငန်း ပြန်လည်သုံးသပ်မယ်လို့ဆို

NLD အမှတ်တံဆိပ်
NLD ​အနေနဲ့ ​အစိုးရ ​ဖြစ်လာတဲ့အခါ ​မိုင်းလုပ်ငန်းနဲ့ ​ပတ်သက်တဲ့ ​စည်းမျဉ်း ​စည်းကမ်း ​ဥပဒေတွေကို ​စိစစ်ပြီး ​လုံခြုံရေးတွေ ​ရှိအောင် ​လုပ်ဆောင်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

ဖားကန့်ဒေသက ​ကျောက်စိမ်းမိုင်းတွင်းမှာ ​မြေပြိုမှု ​ဖြစ်ပေါ်ပြီးတဲ့နောက် ​NLD ​ပါတီရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းက ​ပြောလိုက်တာပါ။

မိုင်းလုပ်ငန်း ​လုပ်ကိုင်မယ့် ​ကုမ္ပဏီတွေအနေနဲ့ ​စွန့်ပစ် ​ပစ္စည်းတွေကို ​စနစ်တကျ ​စွန့်ပစ်ဖို့၊ ​လုပ်ငန်းခွင် ​လုံခြုံရေးရှိအောင် ​လုပ်ဖို့အတွက် ​စည်းမျဉ်းစည်းကမ်းတွေကို ​ပြန်လည် ​သုံးသပ်သွားမယ်လို့ ​ဆိုပါတယ်။

NLD ​အနေနဲ့ ​စည်းကမ်းကို ​တင်းကြပ်လိုက်မယ်ဆိုရင် ​အဲဒီ ​လုပ်ငန်းမှာ ​အများကြီး ​မြုပ်နှံထားတဲ့ ​အရှိန်အဝါ ​ကြီးမားတဲ့ ​စီးပွားရေးသမားတွေ၊ ​အဆက်အသွယ်ကောင်းရှိတဲ့ ​လူတွေနဲ့ ​ရင်ဆိုင်ရမယ့် ​အနေအထား ​ရှိနေပါတယ်။

NLD ​အနေနဲ့ ​နောက်လလောက်မှာ ​သမ္မတ ​တင်မြောက်ခွင့်ရနိုင်တဲ့အနေအထားရှိပြီး ​ဖေဖော်ဝါရီလလောက်မှာ ​အစိုးရဖွဲ့ပြီး ​လွှတ်တော်တွေ ​ကျင်းပနိုင်မယ့် ​အနေအထား ​ရှိနေပါတယ်။
မြန်မာ ​လွှတ်တော်ကို ​ခေတ္တ ​ရပ်နားထား

မြန်မာနိုင်ငံရဲ့ ​လွှတ်တော်ကို ​ဒီကနေ့ကနေ ​၂၉ ​ရက်နေ့အထိ ​နားထားမယ်လို့ ​သိရပါတယ်။

နားရက်အတွင်း ​ရွေးကောက်ပွဲမှာ ​ဝင်ပြိုင်ခဲ့တဲ့ ​လွှတ်တော်ကိုယ်စားလှယ်တွေက ​ရွေးကောက်ပွဲ ​အသုံးစားရိတ်စားရင်းကို ​ဆိုင်ရာ ​ခရိုင် ​ရွေးကောက်ပွဲ ​ကော်မရှင်ကို ​တင်ပြရမှာ ​ဖြစ်တယ်လို့ ​သီပေါမြို့နယ်က ​လွှတ်တော် ​ကိုယ်စားလှယ် ​ဦးရဲထွန်းက ​ဖေ့စ်ဘွတ်မှာ ​ရေးသားထားပါတယ်။

ရွေးကောက်ပွဲမှာ ​ရှုံးနိမ့်တဲ့ ​လူတွေကပါ ​အသုံးစရိတ်ကို ​တင်ပြရမှာ ​ဖြစ်ပြီး ​မတင်ပြနိုင်ရင်တော့ ​နာမည်ပျက်စာရင်း ​ဝင်မှာဖြစ်ပြီး ​နောက်ကျင်းပမယ့် ​ရွေးကောက်ပွဲတွေမှာ ​ဝင်ပြိုင်ခွင့် ​ရမှာ ​မဟုတ်ဘူးလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အစိုးရဖြစ်တဲ့အခါ မိုင်းလုပ်ငန်း ပြန်လည်သုံးသပ်မယ်လို့ဆို  အစိုးရဖြစ်တဲ့အခါ မိုင်းလုပ်ငန်း ပြန်လည်သုံးသပ်မယ်လို့ဆို Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.