နယ်စပ် မတည်ငြိမ်ပေမယ့် ကုန်သွယ်ရေး တိုးတက်ခဲ့

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာတဲ့ မြန်မာ တချို့ (Credit: Reuters) 
ထိုင်း-မြန်မာ ​နယ်စပ် ​ကုန်သွယ်ရေးဟာ ​နိုဝင်ဘာလလယ်အထိ ​၁၄ ​% ​တိုးတက်လာတယ်လို့ ​ဘန်ကောက်ပို့စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

နယ်စပ်ဒေသမှာ ​လက်နက်ကိုင် ​ပြဿနာတွေ ​ရှိတဲ့ကြားကပဲ ​ကုန်သွယ်ရေး ​တိုးတက်နေတာ ​ဖြစ်ပါတယ်။

မြန်မာထိုင်းမ်စ် ​သတင်းမှာလည်း ​ထိုင်း-မြန်မာ ​နယ်စပ်ဂိတ် ​၁၅ ​ခုရဲ့ ​ကုန်သွယ်မှု ​တန်ဖိုးဟာ ​ဒေါ်လာ ​၄ ​ဘီလီယံ ​ရှိပြီး ​အရင်နှစ်ထက်စာရင် ​ဒေါ်လာ ​သန်းပေါင်း ​၅၀၀ ​ပိုများနေတာ ​ဖြစ်ပါတယ်။

ကုန်သွယ်ရေး ​အများဆုံး ​ဖြစ်ထွန်းတဲ့ ​နယ်စပ်ဂိတ်ကတော့ ​တရုတ်နယ်စပ်ဘက်က ​မူဆယ်ဂိတ်၊ ​ထိုင်းဘက်က ​မြဝတီဂိတ်တွေ ​ဖြစ်ပါတယ်။

ကိုးကန့်ဒေသရှိရာ ​ချင်းရွှေဟော်ဂိတ်မှာ ​စစ်ဖြစ်တဲ့အတွက် ​ကုန်သွယ်ရေးတွေ ​ကျဆင်းခဲ့ပေမယ့်လည်း ​တတိယ ​ကုန်သွယ်မှု ​တန်ဖိုး ​အများဆုံး ​ဂိတ် ​ဖြစ်ခဲ့ပါတယ်။

နယ်စပ်ဂိတ် ​၁၅ ​ခုမှာ ​ကုန်သွယ်ရေး ​တိုးတက်ခဲ့ပေမယ့် ​ချင်းရွှေဟော်၊ ​တာချီလိတ်၊ ​မောင်းတောနဲ့ ​တမူးဂိတ်မှာတော့ ​ကုန်သွယ်ရေး ​ကျဆင်းခဲ့ရတယ်လို့ ​ဖော်ပြထားပါတယ်။

မောင်းတောဒေသမှာ ​ထွက်တဲ့ ​ပင်လယ်စာတွေကို ​အိမ်နီးချင်း ​ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ​တင်ပို့တာ ​များပေမယ့် ​မုန်တိုင်းတွေကြောင့် ​အလုပ်အကိုင်တွေ ​ပျက်ရသလို ​အရင်လို ​ငါး၊ ​ပုဇွန်တွေ ​မဖမ်းဆီးနိုင်တော့တဲ့အတွက် ​ဖြစ်တယ်လို့ ​သုံးသပ်တဲ့အကြောင်းလဲ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နယ်စပ် မတည်ငြိမ်ပေမယ့် ကုန်သွယ်ရေး တိုးတက်ခဲ့  နယ်စပ် မတည်ငြိမ်ပေမယ့် ကုန်သွယ်ရေး တိုးတက်ခဲ့ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.