သီရိလင်္ကာဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ၀မ်းမြောက်ကြောင်း စာချွန်တော် ပေးပို့


 မကြာသေးခင်က ပြူလုပ်ခဲ့သောေ၇ွးကောက်ပွဲမှာ အပြတ်အသတ် အောင်ပွဲခံသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သီရီလင်္ကာ ၀န်ကြီးချုပ် Ranil Wickremesinghe က ချိုးကျူးဂုဏ်ယူကြောင်း အမှာစကား ပြောကြားလိုက်ပါသည်။

အဆိုပါ အမှာစမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်နိုဝင်ဘာလ ၈ရက် မှာကျင်းပခဲ့သောေ၇ွးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ၏ ပြောစမှတ်တင်ရသည့်အောင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြား ရသည့် အတွက် ကျွန်တော် နှစ်ထောင်းအားရ ရှိလှပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်းများစွာ ဒီမိုကရေစီအတွက် မဆုတ်မနစ်ငြိမ်းချမ်းသည့်နည်းဖြင့် အနစ်နာခံမှုက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီအတွက်
အပြတ်အသတ်အောင်ပွဲကို ပေးအပ်ခဲ့ ပါသည်။

မြန်မာပြည်သူတွေက ပေးလိုက်သည့် ပြတ်သားသောဆုံးဖြတိချက်သည် မြန်မာနိုင်ငံကို တိုးတက်ကြီးပွားချမ်းသာလာစေဖို့ လမ်းပြပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှူအပေါ် ပြည်သူပြည်သားတွေက နက်နက်ရှိုင်းရှိုင်း ယုံကြည်အားကိုးမှုကို ပြသနေပါသည်။

သည်နှစ်မှာ သီရိလင်္ကာပြည်သူတွေကလည်း သမ္မတ Maithripala Sirisena နှင့် လက်ရှိ လွှတ်တော်ကို ရွေးချယ်ခဲ့ခြင်းက ဒီမိုကရေစီအပေါ် သူတို့ ၏ ယုံကြည်ကိုးစားမှု ကို ပြသအတည်ပြုခဲ့ပါသည်။

နှစ်နိုင်ငံစလုံး ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာရေး အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ဖို့ သီရိလင်္ကာနိုင်ငံက မျှော်လင့်စောင့်စားနေပါသည်။

သမိုင်းကြောင်း ဘာသာရေးနှင့်ယဉ်ကျေးမှုထုံးစံများအရ သီရိလင်္ကာနှင့် မြန်မာတို့ သည် ကာလရှည်ကြာသည့် ဆက်ဆံရေးရှိပါသည်။ နှစ်နိုင်ငံကြားမှာ ရှိပြီးသား ခိုင်မာသည့် ဆက်ဆံရေး ပိုမိုအားကောင်းလာရန် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ်တို့ နှင့် အတူ ပူးပေါင်းလုပ်ဆောင်ရေးကို ကျွန်တော်မျှော်လင့်ပါသည်။

မြန်မာပြည်သူတွေ၏ ကြီးပွားချမ်းသာရေးနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေကြောင်းလည်း ကျွန်တော်က လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့ သပါသည် ..... ဟု ရေးသားထားသည်။

လင်းလင်း

Ref - Colombo Times
The Ladies News Journal
https://www.facebook.com/News.TheLadies
သီရိလင်္ကာဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ၀မ်းမြောက်ကြောင်း စာချွန်တော် ပေးပို့   သီရိလင်္ကာဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ၀မ်းမြောက်ကြောင်း စာချွန်တော် ပေးပို့ Reviewed by THITHTOOLWIN on 11:56 Rating: 5
Powered by Blogger.