မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကနီမြို့နှင့် ဘုတလင်မြို့မှ ဘုရားစေတီအချို့ ထိခိုက်ပျက်စီး

မုံရွာခရိုင်ကနီမြီု့ကို ဗဟိုပြုပြီး ယနေ့ညနေ၃နာရီ၎မိနစ်တွင် ငလျင်လှုပ်ရာ လောလောဆယ် ကနီမြီု့အနီး ရွှေမြင်ဖြူတောင်က ဘုရာများနှင့် ကနီမြီု့၁ရပ်ကွက်သီတာ ဦးစေတီးတိုပြိုကျမှုများ ဖြစ်ခဲ့ပါသည်။ ဓါတ်ပုံ - မန္တလေးသတင်းအကုန်သိရန် (ဖေ့ဘွတ်)

မုံရွာ နိုဝင်ဘာ ၂၇

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ ယနေ့ ညနေ(၃)နာရီ (၄)မိနစ် (၁၈)စက္ကန့်က စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့၏ အနောက် မြောက်ဘက် (၃၅)မိုင်ခန့် ကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး (၅ ဒသမ ၄) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်နှင့်နီးသော ချင်းတွင်းမြစ် အနောက်ဘက် ယင်းမာပင် ခရိုင်ရှိ ကနီမြို့ပေါ်မှ ရွှေမြင်းဖြူ အရန်စေတီတစ်ဆူ၊ ရှင်ပင်စစ်သားစေတီနှင့် အောင်သိဒ္ဓိစေတီတို့တွင် အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ထီးတော်ယိုင်ခြင်း၊ သီတာဦးစေတီမှာ စိန်ဖူးတော်နှင့် ထီးတော်များမြေခခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် မုံရွာခရိုင် ဘုတလင်မြို့နယ် မောင်းထောင်စံပြကျေးရွာရှိ မာန်အောင်မြင်ဘုရားဝန်းအတွင်းရှိ မြောက်ဘက်စေတီမှာ ထီးတော်မြေခပြီး တောင် ဘက်စေတီမှာ စိန်ဖူးတော်မြေခခဲ့ကြောင်း၊ ကံဆုံဘုရားစေတီမှာ ထီးတော်တစ်ဝက်မှ ပြုတ်ကျခဲ့ကြောင်း သိရသဖြင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကနီမြို့နှင့် ဘုတလင်မြို့မှ ဘုရားစေတီအချို့ ထိခိုက်ပျက်စီး   မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကနီမြို့နှင့် ဘုတလင်မြို့မှ ဘုရားစေတီအချို့ ထိခိုက်ပျက်စီး Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.