ကနီမြို့တွင် ငလျင်ကြောင့် ဘုရားစေတီများမှ ထီးတော်အချို့မြေခ


ကနီ၊ နိုဝင်ဘာဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် နိုဝင်ဘာ ၂၇ ရက် ညနေ၃နာရီ ၄မိနစ်တွင် ၅.၄ အင်အားအသင့်အတင့် ရှိငလျင်လှုပ်ခတ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ကနီမြို့ပေါ်ရှိအမှတ် ၁ ရပ်ကွက်ရှိ သီတာဦးစေတီထီးတော်မြေခ၍ သပိတ်မောက်အောက်မှ ပြိုကျခြင်း၊ သမိုင်းဝင်ရွှေမြင်းဖြူမြတ်စွာဘုရားလုံးတော်အက်ကွဲခြင်း၊ အရန်စေတီတစ်ဆူ စိန်ဖူးတော်မြေခပြီးတစ်ဆူမှာထီးတော်အောက်ဖက် ငှက်ပျောဖူးမှပြတ်ကျပြီး ထီးတော်မြေခဖြင်း၊ အမှတ် ၁ ရပ်ကွက် မြို့လယ်ဘုရားကြီးထီးတော်ယိုင်ပြီး ငှက်ပျောဖူးအက်သွားခြင်း၊ ဓါတ်ပေါင်းစုစေတီတော် ထီးတော်ယိုင်ခြင်း၊ အမှတ် ၂ရပ်ကွက်ရှိ ရှင်ပင်စစ်သားဘုရားစိန်ဖူးတော်မြေခ၍ ထီးတော် မဏ္ဍိုင်အနည်းငယ်ယိုင်ခြင်း၊ ရွှေစည်းခုံစေတီငှက်ပျောဖူးမှ အက်သွားခြင်း၊ အမှတ် ၃ ရပ်ကွက် အောင်သဒ္ဓိစေတီကိုယ်လုံးတော် အက်ကွဲ ကျခြင်း၊ ကျောင်းလည် ကျေးရွာမှ ဦးကြူးစိန်၏နေအိမ် ရှေ့ဘက်အုတ် နံရံပြိုကျကာ ကြမ်းခင်းအချိုပျက်စီးခြင်းများရှိခဲကြောင်းသိရသည်။



သန်းဌေးအောင်(ကနီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကနီမြို့တွင် ငလျင်ကြောင့် ဘုရားစေတီများမှ ထီးတော်အချို့မြေခ    ကနီမြို့တွင် ငလျင်ကြောင့် ဘုရားစေတီများမှ ထီးတော်အချို့မြေခ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.