မြောက်ကိုရီးယား ကင်မ်ချီး ယူနက်စကို ဆုချီးမြှင့်ဖို့ရှိ


 မြောက်ကိုရီးယား kimchi ကင်မ်ချီး ပြုလုပ်မှုကို ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အဖြစ် ဂုဏ်ပြု ပေးအပ်ဖို့ ကုလသမဂ္ဂက စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားက ပြုလုပ်တဲ့ မုန်လာထုပ်အချဉ် ပြုလုပ်မှုကိုလည်း
ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ပြီး ဖြစ်ပါတယ်။

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ စလုံးက ပြုလုပ်တဲ့ ကင်မ်ချီးဟာ အရာသာရှိပြီး မြောက်ကိုရီးယား ကင်မ်ချီးကိုလည်း ဂုဏ်ပြုဆုပေးအပ်ဖို့ ရှိနေပါတယ်။

ကိုရီးယားနှစ်နိုင်ငံစလုံးမှာ ချဉ်ပြီး စပ်တဲ့အရသာရှိ ကင်မ်ချီးကို နေ့စဉ်ပြုလုပ်တာဖြစ်ပြီး များသောအားဖြင့် အိမ်တွင်းထုတ်လုပ်မှု အဖြစ် အရသာ အမျိုးမျိုးကွဲပြား ထုပ်လုပ်တာ ဖြစ်ပါတယ်။

ဒေသအလိုက် မိသားစုအလိုက် အကောင်းဆုံး ကင်မ်ချီးလုပ်နည်းကို ယှဉ်ပြိုင်လုပ်ကိုင်ကြတာလည်း ဖြစ်ပါတယ်။

ယေဘူယျအားဖြင့် တောင်ကိုရီးယား ကင်မ်ချီးက ငရုတ်သီးအနီရောင် အစပ်အရသာ ရှိပြီး မြောက်ကိုရီးယား ကင်မ်ချီးက ငရုပ်သီးမပါတဲ့ အဖြူရောင် ဖြစ်ပါတယ်။

ကင်မ်ချီးကို တခြားနိုင်ငံခြား တိုင်းပြည်တွေမှာလည်း လူကြိုက်များပြီး ၂၀၀၈ ခုနှစ်က တောင်ကိုရီးယား အာကာသယာဉ်မှူး ကိုဆန်က အာဏာသထဲကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
မြောက်ကိုရီးယား ကင်မ်ချီး ယူနက်စကို ဆုချီးမြှင့်ဖို့ရှိ  မြောက်ကိုရီးယား ကင်မ်ချီး ယူနက်စကို ဆုချီးမြှင့်ဖို့ရှိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.