ဆင်ပေါင်ဝဲ မြို့နယ် ဒင်းပုန်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား


ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၄

ဆင်ပေါင်ဝဲမြို့နယ် ဇောင်းတန်းကြီး ကျေး ရွာအုပ်စု ဒင်းပုန်းကျေးရွာတွင် ယနေ့နံနက် (၁ဝ :၃၀ )နာရီက မီးစတင်လောင်ကျွမ်းရာ (၁၁:၃၀)နာရီတွင် မီးညွှန့်ကျိုးပြီး နေ့လည် (၁၂: ၀၀ )နာရီတွင် မီးလုံးဝ ငြိမ်းခဲ့ကြောင်း နှင့် ဖြစ်စဉ် မှာ ဒင်းပုန်းကျေးရွာနေ ဒေါ်တင်မြ (ဘ)ဦးညို အသက် (၈၀)နှစ် မှီခို၏ (၄ပင်x ၃ ပင်)သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် မီး ကြွင်း မီးကျန်မှ စတင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။


ဒင်းပုန်းကျေးရွာတွင် အိမ်ခြေ (၇၈) အိမ် ၊ အိမ်ထောင်စု (၈၈ )စု ၊ လူဦးရေ (၂၉၂) ဦးရှိရာ အဆိုပါ မီးလောင်မှု တွင် အိမ်ခြေ (၄)ပင်သွပ်မိုး ၊ပျဉ် ကာ/ပျဉ်ခင်း (၄)လုံး၊ (၄)ပင် သက္ကယ်မိုး ထရံကာ (၁ )လုံး ၊ (၃)ပင် သွပ်မိုး ပျဉ်ကာ/ပျဉ် ခင်း (၁)လုံး ၊(၃)ပင် သက္ကယ်မိုး၊ ထရံကာ (၆)လုံး စုစုပေါင်း အိမ်ခြေ (၁၂ )လုံး၊ ဆုံးရှုံး ခဲ့ပြီး အိမ်ထောင်စု (၁၂)စုမှ ကျား (၃၀)ဦး၊ မ(၂၁)ဦး ပေါင်း (၅၁) ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွား သည့်အတွက် နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် ခေတ္တဆောင် ရွက်ထားရှိပါ သည်။


အဆိုပါ မီးလောင်ကျွမ်းမှုတွင် လူနှင့် တိရစ္ဆာန် အသေအပျောက် မရှိကြောင်းနှင့် မီးလောင်ရာနေရာသို့ မြို့နယ် အုပ်ချုပ်ရေး မှူးနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး နှင့် ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီး သတ် တပ်ဖွဲ့ဝင်များနှင့်အတူ ဆင်ပေါင်ဝဲ မြို့မှ မီးသတ်ယာဉ် (၂)စီး၊ ဆင်ပေါင်ဝဲ မြို့နယ် ကိုး ပင်ကျေးရွာမှ မီးသတ်ယာဉ်(၁)စီး အောင်လံမြို့နယ်မှ မီးသတ်ယာဉ် (၂)စီးနှင့် မီးသတ် တပ်ဖွဲ့ဝင်အင်အား (၇)ဦး တို့သွား ရောက် ပြီး ကျေးရွာပြည်သူများနှင့် အတူ ပူးပေါင်း မီး ငြိမ်း သတ်ကြသည်။


အဆိုပါ မီးဘေး သို့ မြို့နယ်ထွေ/အုပ်မှ အိမ်ထောင်စုတစ်စုလျှင် ဆန် (၄)ပြည် ဆီ (၅၀)ကျပ်သား ၊ ဆား(၅၀)ကျပ်သား၊ ရေသန့်ဘူးသေး( ၁)ဘူး ၊ ခေါက်ဆွဲခြောက် ငါးသေတ္တာဘူးနှင့် အဝတ်အထည်များပါ ပစ္စည်း ( ၉) မျိုးကို အိမ်ထောင်စု (၁၂)စု အတွက်ထောက်ပံ့ပြီး ဌာနဆိုင်ရာများနှင့် နီးစပ်ရွာကျေးရွာများမှ ထမင်းထုပ်များ (၇)ရက်စာ စီစဉ်ထား ရှိပြီး မြို့မ ရဲစခန်း၏ (ပ) ၁၁၆ /၂၀၁၅ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေး ယူ ဆောင်ရွက် လျှက် ရှိ ကြောင်း သတင်း ရရှိပါ သည်။

(မြို့နယ်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆင်ပေါင်ဝဲ မြို့နယ် ဒင်းပုန်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား   ဆင်ပေါင်ဝဲ မြို့နယ် ဒင်းပုန်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.