တိုင်းပြည်တည်ငြိမ်ရင် အာဏာလွဲနိုင်လို့ဆို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (အလယ်) (Credit: Reuters) 
မြန်မာနိုင်ငံရဲ့ ​အခြေအနေ ​တည်ငြိမ်လာရင် ​အရပ်သား ​ဦးဆောင်တဲ့ ​အစိုးရကို ​အာဏာတွေ ​အာလုံး ​လွဲပေးနိုင်တယ်လို့ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​ပြောပါတယ်။

ဝါရှင်တန် ​ပို့စ်က ​တနေ့ကျရင် ​အရပ်သား ​အစိုးရကို ​အာဏာ ​လွဲပြောင်းတာမျိုး ​လုပ်နိုင်မလားလို့ ​မေးတဲ့အခါ ​နိုင်ငံရေး ​အခြေအနေ ​တည်ငြိမ်ရင် ​လွဲပြောင်းပေးနိုင်တယ်လို့ ​ဖြေကြားခဲ့တာပါ။

တည်ငြိမ်ရေးလို့ ​ပြောရာမှာ ​ဘာကို ​ဆိုလိုသလဲလို့ ​မေးတဲ့အခါ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​တိုင်းရင်းသား ​လက်နက်ကိုင် ​ပြဿနာကို ​ဖြေရှင်းနိုင်ခြင်း၊ ​ပါတီစုံ ​ဒီမိုကရေစီ ​စနစ် ​ရင့်ကျက်လာခြင်းနဲ့ ​အစိုးရနဲ့ ​တိုင်းရင်းသားအကြား ​ဆက်ဆံရေး ​တိုးတက်လာခြင်းတွေ ​ဖြစ်တယ်လို့ ​ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​အာဏာလွဲပြောင်းရေး ​ကိစ္စကိုလည်း ​လာမယ့် ​ဒီဇင်ဘာလမှာ ​တွေ့ဆုံမယ်လို့ ​ဖြေကြားခဲ့ပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​၅၉ ​(စ) ​လို ​ပုဒ်မကို ​ဖယ်ရှားပေးမလားလို့ ​မေးတဲ့အခါမှာ ​ဒီကိစ္စကို ​သူတစ်ယောက်တည်းက ​ဆုံးဖြတ်လို့မရပဲ ​လွှတ်တော်က ​ဥပဒေပြောင်းလဲဖို့ ​ဆွေးနွေးမှသာ ​ဖြစ်နိုင်မယ်လို့ ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​သမ္မတ ​ဖြစ်ရေး ​မဖြစ်ရေးဟာ ​ဥပဒေနဲ့သာ ​ဆိုင်တယ်လို့ ​ပြောပါတယ်။

ဒေါ်အောင်ဆန်း ​စုကြည်နဲ့ ​အတူတူ ​အလုပ်လုပ်နိုင်မလားလို့ ​မေးတဲ့အခါ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​မလုပ်နိုင်စရာ ​မရှိတဲ့အကြောင်း၊ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ယုံကြည်သလားလို့ ​မေးရာမှာတော့ ​နိုင်ငံအတွက် ​အကျိုးတွေ ​ရှိမယ်ဆိုရင် ​အတူတူ ​အလုပ်လုပ်နိုင်ကြောင်း၊ ​ပူးပေါင်း ​လုပ်ကိုင်နိုင်မယ့် ​နည်းလမ်းတွေ ​အများကြီးရှိတဲ့အကြောင်း ​ဝါရှင်တန် ​ပို့စ်နဲ့ ​မေးမြန်းခန်းမှာ ​ဖြေကြားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တိုင်းပြည်တည်ငြိမ်ရင် အာဏာလွဲနိုင်လို့ဆို  တိုင်းပြည်တည်ငြိမ်ရင် အာဏာလွဲနိုင်လို့ဆို Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.