ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် အိမ်ခြေ ၈၀ ခန့် မြေမြှုပ်ပြီး လူပေါင်းရာချီ ပျောက်ဆုံး လျက်ရှိ

ဖားကန့် ဒေသရှိ ရေမဆေး ကျောက်ရှာဖွေ နေကြသူများ 
    ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု နှင့် ဆိပ်မူကျေးရွာ အုပ်စု အကြားရှိ ဆန်ခတ်ကူး ကျေးရွာ အပိုင်းအတွင်း ယနေ့ နံနက်က စွန့်ပစ် မြေစာပုံပြိုကျမှုကြောင့် မြေစာပုံ အောက်ခြေရှိ အိမ်ခြေ ၈၀ ခန့်  မြေမြှုပ်ပျက်စီးကာ လူပေါင်းရာချီ ပျောက်ဆုံးနေကြောင်း လက်ရှိ ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဖားကန့်) မှ အဖွဲ့ဝင် ဦးဖိုးချိုက ပြောကြားသည်။

လက်ရှိတွင် သေဆုံးသူ ဦးရေကို အာဏာပိုင်များက အတည်ပြု ပြောကြား နိုင်ခြင်းမရှိသော်လည်း သေဆုံးသူ ဦးရေ ဆယ်ဂဏန်းအထက်ရှိပြီး ပျောက်ဆုံးသူ လူဦးရေ ၁၀၀ မှ ၂၀၀ အတွင်း ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

မြေစာပုံ အောက်ခြေတစ်ဝိုက်ရှိ ရေမဆေးကျောက် ရှာဖွေသည့်လုပ်ငန်း လုပ်ကိုင်ကြသော ဒေသခံများမှာ တဲများအတွင်း  အိပ်နေကြချိန်ဖြစ်၍  လူအများအပြား သေဆုံးနိုင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ မြေပြိုကျမှုအတွက် သက်ဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်နေကြသည်။

ဖားကန့်ဒေသ၌ စက်ယန္တရားကြီးများ သုံးပြီး ကျောက်တူးနေသည့် ကျောက်တူးဖော်ရေး လုပ်ငန်းများက စွန့်ပစ်ထားသည့် မြေစာပုံပြိုကျမှုသည် ယခုနှစ်အတွင်း အနည်းဆုံး ၅ ကြိမ်ရှိပြီး လူသေဆုံးသူ ၃၀ကျော်ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် အိမ်ခြေ ၈၀ ခန့် မြေမြှုပ်ပြီး လူပေါင်းရာချီ ပျောက်ဆုံး လျက်ရှိ   ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် အိမ်ခြေ ၈၀ ခန့် မြေမြှုပ်ပြီး လူပေါင်းရာချီ ပျောက်ဆုံး လျက်ရှိ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.