ပုသိမ်-မုံရွာကားလမ်းဘေး ပိန်းတောအတွင်း အမျိုးသမီးတစ်ဦးအား သတ်ခဲ့သူများကို ဖမ်းဆီးရမိ


 ပုသိမ် နိုဝင်ဘာ ၁၆

 ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းကုန်းပြင် စက်စက်ယိုကျေးရွာတွင် ရော်ဘာခြံလုပ်ကိုင်ရန် ရောက်ရှိ လာသော မစန်းစန်းသင်း(ခ)မတူး (၂၉နှစ်)ကို သတ်ကာ ပုသိမ်-မုံရွာကားလမ်းဘေး ပိန်းတောထဲ၌ ထားရစ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ၁ဝ ရက်အတွင်း ဖမ်းဆီးရမိ ခဲ့ကြောင်း ငါးသိုင်းချောင်းနယ်မြေရဲစခန်းက သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရဲတပ်ဖွဲ့နှင့် မှုခင်း အကူတပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် မျက်နှာ၊ ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိခဲ့ မှုမှာ နိုဝင်ဘာ ၁၁ ရက်က စုံစမ်းပေါ်ပေါက်ခဲ့ခြင်းဖြစ် သည်။

စက်တင်ဘာ လဆန်းပိုင်းက စက်စက်ယိုကျေးရွာ သို့ ဇော်လတ်(ခ)ကုလား၏ အဆက်အသွယ်ဖြင့် မစန်းစန်းသင်း ရောက်ရှိလာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက် ည ၇ နာရီခန့်တွင် ဇော်လတ်(ခ)ကုလားနှင့် ဇော်မျိုးနိုင်(ခ)မောင်မောင်တို့က သေဆုံးသူအား နေအိမ် သို့ ပြန်လည်ပို့ဆောင်ပေးမည်ဟုဆိုကာ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ခေါ်ဆောင်ခဲ့ရာ ဖွက်ထူတံတားအနီး တွင် ခရီးပန်းလာသဖြင့် သုံးယောက်အတူ အိပ်ခဲ့ကြောင်း၊ နံနက် ၅ နာရီတွင် ရန်ကုန်သို့သွားရန် ဇော်လတ်(ခ)ကုလားကပြောကြားရာ သေဆုံးသူကငြင်းဆိုသဖြင့် ¤င်းတို့ နှစ်ဦးကသစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာမှ မစန်းစန်း သင်း(ခ)မတူးမှာ နေရာ၌ပင်သေဆုံးသွားခဲ့သဖြင့် ဖွက်ထူ တံတားနှင့် ၁၅ ပေအကွာ ပိန်းတောထဲ၌ ဝှက်ထားခဲ့ကြပြီး ¤င်းတို့နေထိုင်ရာ လပွတ္တာမြို့သစ် ဗိုင်းထောင့်ချောင်း ကျေးရွာသို့ ပြန်လည်တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူများအား စစ်မေးချက်အရ သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းဖော်ထုတ်ခဲ့ရာ ၁ဝ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ပြီး ပုသိမ်ခရိုင် ရေကြည် မြို့နယ် ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှ ရဲအုပ် ကျော်စိန်လှိုင်က တရားစွဲဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုသိမ်-မုံရွာကားလမ်းဘေး ပိန်းတောအတွင်း အမျိုးသမီးတစ်ဦးအား သတ်ခဲ့သူများကို ဖမ်းဆီးရမိ   ပုသိမ်-မုံရွာကားလမ်းဘေး ပိန်းတောအတွင်း အမျိုးသမီးတစ်ဦးအား သတ်ခဲ့သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.