လွယ်လင်ခရိုင် အတွင်း မြို့များဝင်ထွက် ည ၆ နာရီမှ နံနက် ၆ နာရီအထိ တားမြစ်ထား

ဓါတ်ပုံ- ၀ါးတန်းဂိတ်တနေရာ
 နိုဝင်ဘာ ၂၆ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်း လွယ်လင်မြို့ အပါအဝင် လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ နမ့်စန်၊ မိုင်းရှူး၊ မိုင်းနောင် မြို့ဝင်မြို့ထွက်များအား ည ၆ နာရီမှ နံနက် ၆ နာရီအထိ ဒေသအတွင်း အခြေချ တပ်မတော် စစ်ကြောင်းများနှင့် အာဏာပိုင်များက ပိတ်ပင်တားမြစ်ထားသည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူး၊ ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ် စခန်း များအား အစိုးရ တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်သော ကြောင့် စစ်ဘေးေ ရှာင်သူများ တခြားမြို့သို့ ထွက်ပြေးခိုလှုံချိန်မှ စ၍ ယနေ့ အထိ ညပိုင်းလုံခြုံေ ရး တင်းကြပ် လာသည်ဟု သိရသည်။

“အစက ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြင့်တယ်လို့ဘဲထင်တာ။ အခုေ တာ့ အဲဒီလိုမဟုတ္ဘူး။ အခု ထိ လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးတယ်” - ခိုလမ်မြို့ခံ စိုင်းလူ ကပြောသည်။

နမ့်စန်မြို့ ကျားဖြူပါတီဝင် စိုင်းသန့်စင် က - “လုံခြုံရေးကြောင့် မြို့ဝင်မြို့ထွက် ခရီးသွားတွေကို တအားစစ်ဆေးတယ်။

ကားကောလူကောပဲ။ ဒေသခံတွေတော့ ညမိုးချုပ်ရင် အသွားအလာ သိပ်မ ရှိေ တာ့ ဘူး။ စိုးရိမ်ကြောက်ရွံ့နေကြတယ်” - ဟု ပြောသည်။

“လုံခြုံရေးအတွက် တာဝန်အရလုပ်ရတာဖြစ်တယ် ”- ဟုလည်း နမ့်စန်မြို့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တဦးကလည်းပြောသည်။

လဲချားမြို့တွင်မူ စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိခိုလှုံလာစဉ် ကတည်း က ယနေ့ အထိ လုံခြုံရေး တင်းကြပ်ထားကြောင်း၊ အထူးသဖြင့် ည မိုးချုပ် မှ မိုးလင်းချိန်အထိ သွားလာခွင့်အား အာဏာပိုင်များက ပိတ်ပင်ထားကြောင်း ကျားခေါင်းပါတီ အမတ် စိုင်းကျော်ဇေယျ က ပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း လဲချားမြို့အထွက် မိုင်းနောင်မြို့အသွားလမ်း နမ့်တိန်းချောင်းတံတား အနီး တပ်စခန်းထိုင် အစိုးရတပ်မတော် စစ်ဗိုလ်က ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ကားများပင် သုံးနာရီကျော်ကြာ ပိတ်ပင်ကာ စစ်ဆေးမှုပြုခဲ့သေးသည်။

“ကျနော်တို့မိုင်းရှူးမှာတော့ ညနေ ၅ နာရီခွဲလောက်ဆို သွားလာလို့မလွယ် ကူေ တာ့ဘူး။ မြို့ထဲလဲ လူထုက မိုးချုပ်ရင် အိမ်အပြင်တောင် မထွက်ရဲတော့ ဘူး” - ဟု မိုင်းရှူးဒေသခံ (ဦး) လုံးစိုင်းခွန် ကပြောသည်။

သျှမ်းပြည်တွင် စစ်အစိုးရလက်ထက်က ဝါးတန်းဂိတ်များ ပေါများလျက်ရှိပါသ ည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ရောက် အမတ် များ၏ တောင်းဆိုတင်ပြမှုကြောင့် ဝါးတန်းဂိတ်များလျော့ပါးသွားရာမှ ယခုကဲ့သို့ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
လွယ်လင်ခရိုင် အတွင်း မြို့များဝင်ထွက် ည ၆ နာရီမှ နံနက် ၆ နာရီအထိ တားမြစ်ထား   လွယ်လင်ခရိုင် အတွင်း မြို့များဝင်ထွက် ည ၆ နာရီမှ နံနက် ၆ နာရီအထိ တားမြစ်ထား Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.