ဟားခါးမြို့ ယမ်းပေါက်ကွဲမှု အိမ်ပိုင်ရှင်ကိုဖမ်းဆီး


 ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်က နေအိမ်တအိမ်မှာ ယမ်းပေါက်ကွဲပြီး လူ ၆ ဦး သေဆုံးခဲ့တဲ့အတွက် အိမ်ပိုင်ရှင်ကို ဟားခါးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ နေအိမ်ပိုင်ရှင်ကို ပေါက်ကွဲမှုအက်ဥပဒေ ပုဒ်မ-၃ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တုန်းက အိမ်ပိုင်ရှင်ဇနီးမောင်နှံဟာ စစ်ကိုင်းတိုင်း ကလေးမြို့ကို ရောက်နေပြီး၊ ပေါက်ကွဲမှုဖြစ်ပြီး နောက်တနေ့မှာမှ ဟားခါးကို ပြန်ရောက်လာတာလို့ သိရပါတယ်။ အဲဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဧည့်သည်အမျိုးသမီး ယူဆောင်လာတဲ့ ယမ်းတွေ ပေါက်ကွဲတာဖြစ်ပြီး၊ နေအိမ်မှာ ရှိနေတဲ့ လူ ၆ ဦး သေဆုံးခဲ့ပြီး၊ ၇ ဦး ဆေးရုံတင်ထားရပါတယ်။ အဲဒီ ဧည့်သည်အမျိုးသမီးဟာ အရင်ကလည်း ပေါက်ကွဲစေတဲ့ တရားမဝင် ပစ္စည်းတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရာကနေ အယူခံနဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA


ဟားခါးမြို့ ယမ်းပေါက်ကွဲမှု အိမ်ပိုင်ရှင်ကိုဖမ်းဆီး   ဟားခါးမြို့ ယမ်းပေါက်ကွဲမှု အိမ်ပိုင်ရှင်ကိုဖမ်းဆီး Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.