လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက်


ရန်ကုန် နိုဝင်ဘာ ၂၇

အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိမှုဖြစ်စဉ်တစ်ခု အလုံမြို့နယ်၌ နိုဝင်ဘာ ၂၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးနေလင်းဦး မောင်းနှင်လာသောEE/----Fielder အငှားယာဉ်သည် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က အလုံမြို့နယ် ဧရာဝတီရပ်ကွက် ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်မှ လမ်းမတော်မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် သခင်မြပန်းခြံရှေ့ အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိသဖြင့် ယာဉ်မှာတိမ်း မှောက်သွားခဲ့ကြောင်း၊ ထိုသို့တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့်ယာဉ်မှုစစ်က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်မောင်ဦး(အလုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက်  လမ်းဘေးသစ်ပင်အား ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 14:23 Rating: 5
Powered by Blogger.