လျှပ်စစ်မီးဖို ထမင်းအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား



 မန္တလေး နိုဝင်ဘာ ၂၂

 မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၇လမ်းနှင့် ၅၈ လမ်းကြားရှိ (ဃ) ရပ်ကွက်၊ အကွက် အမှတ်(ဘ-၂) ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်က လျှပ်စစ်မီးဖို ထမင်းအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ ထရံကာကပ်မိုး(၇)လုံး၊ နှစ်ထပ် ထရံကာသွပ်မိုး (၂)လုံး၊ ထရံကာ သွပ်မိုး(၂)လုံး စုစုပေါင်း နေအိမ် (၁၁)လုံး မီးလောင်ကျွမ်းရာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်း ငြှိမ်းသတ်ရာ နေ့လည် ၁၂ နာရီ ၄၅ မီနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ် ဦးစီးမှူးတို့ ကြီးကြပ်၍ မီးသတ်ယာဉ်(၃၀)စီး၊ သံသေ မီးသတ်တပ်ဖွဲ့ဝင်(၈၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦး၊ ကြက်ခြေနီ လူနာ တင်ယာဉ် (၂)စီး၊ လူမှုကူညီရေး အသင်းအဖွဲ့များ လာရောက် ကူညီဆောင်ရွက်ခဲ့ပြီး မီးစတင် လောင်ကျွမ်း သော အိမ်ပိုင်ရှင် ကိုအောင်နိုင်ထွန်း (ခ)ရှားညိုအား မြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လျှပ်စစ်မီးဖို ထမင်းအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား   လျှပ်စစ်မီးဖို ထမင်းအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.