သုံးဘီးဆိုင်ကယ် လမ်းဘေးချောက်အတွင်း ပြုတ်ကျ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ


 မကွေး နိုဝင်ဘာ ၂၀

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ (၄)နာရီအချိန်ခန့် မကွေးမြို့၊ မြသလွန်ဘုရား အတက်လမ်းတွင် သုံးဘီး ဆိုင်ကယ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဘုရားလမ်းအတိုင်း မြို့တွင်းဘက်မှ မြသလွန်ဘုရားဘက်သို့ မကွေးမြို့၊ ရန်နိုင်ရပ်ကွက် နေသူ ယာဉ်မောင်းပိုက်ထွေး (၃၈) နှစ် မောင်းနှင်ပြီး ခရီးသည်(၆)ဦးလိုက်ပါ လာသော ဟ/xxxx ပြိုင်မြင်း အမျိုးအစားအပြာရောင် သုံးဘီး ဆိုင်ကယ်သည် စိန်ပန်းရစ် ဘုန်းတော်ကြီးကျောင်း အကျော် မြသလွန်ဘုရား အတက်လမ်းတံတား ပေါင်းကူးအနီး အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ပလက်ဖောင်းအား ၀င်ရောက် တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျခဲ့ရာ သုံးဘီးယာဉ်မောင်း ပိုက်ထွေးမှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သုံးဘီးယာဉ်ပေါ် လိုက်ပါ လာသော မကွေးမြို့၊ မြင်သာရပ်ကွက် နေသူ မအေးသူဇာ (၁၄) နှစ် အပါအ၀င် ကျား(၃)ဦး၊ မ(၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးဘီးဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ပိုက်ထွေးအား မကွေးမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၄၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သုံးဘီးဆိုင်ကယ် လမ်းဘေးချောက်အတွင်း ပြုတ်ကျ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ   သုံးဘီးဆိုင်ကယ် လမ်းဘေးချောက်အတွင်း ပြုတ်ကျ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.