တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ကျောက်စိမ်းတုံးဖြတ်စအရွယ်မျိုးစုံ ဖမ်းဆီးရမိ


 နောင်ချို နိုဝင်ဘာ ၁၆

 နောင်ချိုမြို့ အရှေ့ဘက် တရားမဝင်ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ပစ္စည်းများ တရားမဝင်နည်းလမ်းများဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိရာ နောင်ချိုမြို့ ယာယီအခြေပြုလုပ်ငန်းများ ဆောင်ရွက်နေကြသော Mobile Team လှုပ်ရှားအဖွဲ့(၁)၊ ဌာနစုံပူးပေါင်းအဖွဲ့တို့သည် နိုဝင်ဘာ ၁၄ ရက်က မန္တလေး-မူဆယ်ကားလမ်းကြောင်း တစ်လျှောက် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များကို စစ်ဆေး ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ မူဆယ်မြို့သို့ မောင်းနှင်လာသည့် အဖြူရောင်ယာဉ်ဗင်ကို ရပ်တန့် စစ်ဆေးရာ ယာဉ်၏ဝမ်းဗိုက်အတွင်း ကျောက်စိမ်းတုံးဖြတ်စ အရွယ်စုံ အလေးချိန် ကီလို ၄၃ဝ၊ တန်ဖိုး ငွေကျပ် ၄၃ဝဝဝဝဝဝ ကို ရှာဖွေ သိမ်းဆည်းရမိသည်။

ဆက်လက်၍ မန္တလေးဘက်မှ မူဆယ်မြို့ဘက်သို့ မောင်းနှင်ထွက် ခွာလာသည့် မတ်တူးအဖြူရောင် ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ကျောက်စိမ်းအလေးချိန် ၉၅ ကီလို တန်ဖိုး ငွေကျပ် ၉၅ဝဝဝဝဝ ကို သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းများ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

စိုးဝင်း(နောင်ချို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ကျောက်စိမ်းတုံးဖြတ်စအရွယ်မျိုးစုံ ဖမ်းဆီးရမိ   တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ကျောက်စိမ်းတုံးဖြတ်စအရွယ်မျိုးစုံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:04 Rating: 5
Powered by Blogger.