သမ္မတအိုဘားမား မြန်မာနိုင်ငံက ဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံ

(လူမှောင်ခိုကူးမှုကနေ လွတ်မြောက်ခဲ့တဲ့ အသက် ၁၆နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦးကို သမ္မတအိုဘားမား ပွေ့ဖက်နှုတ်ဆက်စဉ်) ဓါတ်ပုံ AFP
 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ ဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံစကားပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က လေ့လာသင်ကြားရေးစင်တာမှာ မလေလးရှားနိုင်ငံက ဆင်းရဲသားကလေးငယ်တွေနဲ့ အမေရိကန်မှာ အခြေချနေထိုင်ဖို့ ခွင့်ပြုချက်ရထားပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာကလေးငယ်တွေကို ပညာသင်ကြားပေးနေတာဖြစ်ပြီး သမ္မတအိုဘားမားက ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သမ္မတအိုဘားမားဟာ ဆီးရီးယားနိုင်ငံက စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ကို အမေရိကန်မှာ လက်ခံဖို့အတွက် ပြင်ဆင်နေချိန်မှာ ပြင်သစ်နိုင်ငံ ပါရီနဲ့ မာလီမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေများပြီး အမေရိကန် အမတ်တွေက စစ်ပြေးဒုက္ခသည်တွေကို လက်ခံဖို့ စိုးရိမ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။

အတိုက်အခံ ရီပတ်ဘလီကန် ကြီးစိုးထားတဲ့ အောက်လွှတ်တော်က ဥပဒေပြဌာန်းပြီး ဆီးရီးယားက စစ်ပြေးဒုက္ခသည်တွေကို လက်ခံဖို့ ခက်ခဲအောင် ဥပဒေပြဌာန်းပြီး တားမြစ်နိုင်ဖို့ ကြိုးပမ်းနေချိန်လည်းဖြစ်ပြီး သမ္မတအိုဘားမားနဲ့ သဘောထားကွဲလွဲနေချိန်လည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေထဲက တစ်ဦးဟာ ဆီးရီးနိုင်ငံကနေ ဒုက္ခသည်တွေနဲ့အတူပါလာတယ်ဆိုပြီး အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေကို အထပ်ထပ် စစ်ဆေးပြီးမှ လက်ခံဖို့ ဥပဒေပြဌာန်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အဲ့ဒီဥပဒေဟာ စစ်ဆေးကြောရမယ့် အဆင့်တွေများပြီး ဘယ်လိုမှ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်တာကြောင့် သမ္မတအိုဘားမားက ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ပြောထားပါတယ်။

ကွာလာလမ်ပူလေ့ကျင့်သင်ကြားရေးစင်တာမှာ လူငယ်တွေနဲ့တွေ့ဆုံစဉ် သမ္မတအိုဘားမားက "ဒီကလေးငယ်တွေကို တွေ့တဲ့သူတိုင်း အတိုင်းအတာတစ်ခုအထိ ကိုယ့်သားသမီးလို သဘောထားနိုင်ကြမှာပါ။
ဒီကလေးတွေဟာ ချစ်ခြင်းမေတ္တာနဲ့ အကာအကွယ်ပေးမှုဆိုတာကို လိုအပ်နေတဲ့ ကလေးငယ်တွေပါ။ ကျွန်တော်သမ္မတဖြစ်နေချိန်မှာ ဒုက္ခသည်ကလေးငယ်တွေရဲ့ အရေးကို ဒီထက်ပိုပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်" လို့ ပြောကြားလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
သမ္မတအိုဘားမား မြန်မာနိုင်ငံက ဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံ  သမ္မတအိုဘားမား မြန်မာနိုင်ငံက ဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.