မလေးရှားဝန်ကြီးချုပ်က အစွန်းရောက်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ပြော

(နိုဝင်ဘာလ ၂၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင် တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်) ဓါတ်ပုံ AFP
အစွန်းရောက် အစ္စလာမ်အကြမ်းဖက်ဝါဒကို ရင်ဆိုင်တိုက်ဖျက်ကြဖို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ ဝန်ကြီးချုပ် ရာဇတ်က "ယဉ်ကျေးမှုမဲ့ပြီး လူမဆန်တဲ့ လုပ်ရပ်တွေဟာ ဘယ်လို ကိုးကွယ်ရာ ယုံကြည်မှု ၊ ဘာသာတရား ၊ လူမျိုးကိုမှ ကိုယ်စားပြုတဲ့ လုပ်ရပ်မဟုတ်ဘူး။ အဲ့ဒီလို လုပ်ရပ်တွေကိုလည်း ခွင့်ပြုသွားမှာ မဟုတ်ဘူး" လို့ ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၈ နိုင်ငံက ခေါင်းဆောင်တွေ ရောက်ရှိနေတဲ့ ကွာလာလမ်ပူမြို့မှာလည်း လုံခြုံရေးကို တင်းကြပ်စွာချထားလိုက်ပါတယ်။

အာရှ-ပစ္စဖိတ်ဒေသနဲ့ အာဆီယံထိပ်သီးညီလာခံပေါင်းပြီး ဒေသတွင်းက လူဦးရေ သန်း ၆ဝဝ ကျော်အရေးနဲ့ ကုန်သွယ်ရေး စီးပွားရေးစတဲ့ ကိစ္စတွေကို အလေးထားဆွေးနွေးဖို့ ရည်ရွယ်ခဲ့ပေမယ့် လတ်တလော ပါရီနဲ့ မာလီမြို့တွေက အစ္စလာမ်အစွန်းရောက်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေအရေး လုံခြုံရေးကိစ္စက ပိုအလေးသာတဲ့ ပြဿနာဖြစ်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
မလေးရှားဝန်ကြီးချုပ်က အစွန်းရောက်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ပြော မလေးရှားဝန်ကြီးချုပ်က အစွန်းရောက်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ပြော Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.