ရိုဟင်ဂျာ ပြက္ခဒိန် ပုံနှိပ်ထုတ်ဝေခဲ့သူများကို ဒဏ်ငွေ ၁၀ သိန်းစီ ချမှတ်


 ရိုဟင်ဂျာများကို တိုင်းရင်းသားလူမျိုးအဖြစ် ပြက္ခဒိန်ရိုက်နှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းမှ လူငါးဦးအား ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ပုစွန်တောင်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ် ၁၀ သိန်းစီ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါပြက္ခဒိန်ကို ပုံနှိပ်ထုတ်ဝေခဲ့သော ဦးဟုတ်ရွှေ (ခ) ဦးကျော်ကျော်ပါ ငါးဦးအား ပုစွန်တောင်မြို့မရဲစခန်းမှ ရဲမှူး ဦးခင်မောင်လတ်က တရားလိုပြုလုပ်ကာ တရားရုံးသို့ ဦးတိုက်လျှောက်ထား ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ငါးဦးလုံးမှအပြစ်ရှိကြောင်း ၀န်ခံသည့်အတွက် ဒဏ်ငွေအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


''တိုင်းရင်းသားလူမျိုးတွေအကြား နားလည်မှုလွဲမှားအောင် ပြုလုပ်တဲ့အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေ ပုဒ်မ ၂၀ နဲ့ ရုံးတော်က စွဲဆိုခဲ့တယ်။ ဒါက ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက် တရားရုံးက စွဲဆိုရတာပါ''ဟု ပုစွန်တောင်မြို့နယ် တရားသူကြီးဦးနေအောင်မြင်က News Watch သို့ ပြောသည်။

အဆိုပါပြက္ခဒိန်၌ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုတခုဖြစ်ကြောင်း မြန်မာ ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ အာရဗီဘာသာစကားများနှင့် ရေးသားဖြန့်ဝေခဲ့ခြင်းကြောင့် အမျိုးသားရေးလှုပ်ရှား သူများက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

နိုဝင်ဘာ ၂၂ ရက်ကလည်း မကွေးပရိယတ္တိစာသင်ကျောင်း၌ အဆိုပါပြက္ခဒိန်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပြီး မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မြန်မာ့သမိုင်းတွင် ရိုဟင်ဂျာလူမျိုးမရှိ ကြောင်း မီဒီယာများသို့ မိန့်ကြားခဲ့သည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

ရိုဟင်ဂျာ ပြက္ခဒိန် ပုံနှိပ်ထုတ်ဝေခဲ့သူများကို ဒဏ်ငွေ ၁၀ သိန်းစီ ချမှတ်   ရိုဟင်ဂျာ ပြက္ခဒိန် ပုံနှိပ်ထုတ်ဝေခဲ့သူများကို ဒဏ်ငွေ ၁၀ သိန်းစီ ချမှတ် Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.