လွှတ်တော်ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးပြန်ဆင်းနိုင်ပြီဟု RCSS ထုတ်ပြန်


 အောက်တိုဘာ ၂ ရက် ၂၀၁၅

 RCSS/SSA သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ ၁၆ ခု အတွင်းဖြစ်ပွားေ သာ တိုက်ပွဲ ကြောင့် လုံခြုံရေးအတွက် စည်းရုံးရေးဆင်းရန် ယာယီပိတ် ထားသော နယ်မြေ ၁၆ ခုအား အောက်တိုဘာ ၁ ရက်နေ့မှ၍ စည်းရုံးေ ရးပြန်လည် ဆင်းနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန် ကြေငြာချက်တစောင် ထပ်မံထုတ်ပြန်ထားသည်။

ထုတ်ပြန်ကြေငြာချက်ပါ အချက်အနက် ၂၀၁၅ စက်တင်ဘာ ၃၀ ရက်နေ့တွင် ခိုလမ်မြို့ နယ် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ဆက်ဆံရေးရုံးတာဝန်ခံ နှင့် ခိုလမ်အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်း မင်း ထွန်း နှင့် ကွန်ဟိန်းမြို့၌ တွေ့ဆုံ ခဲ့ကြောင်း၊ တိုက်ပွဲများထပ်မံမပေါ်ပေါက်စေရေး အတွက် တပ်မတော်စစ်ကြောင်းများကို ထိန်းသိမ်းသွား မည်ဖြစ်ေ ကြာင်း၊ ဖြစ်ပွားနေသည့် ပြဿနာများအား ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေ ရှင်း သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဝင်းမင်းထွန်းမှ ကတိပြုခဲ့သည်ဟု ထုတ်ပြန်ကြေငြာ ချက် တွင်ပါရှိသည်။

ထို့ကြောင့် ရလခ တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း တရားဝင်ဆွေးနွေးပြော ကြားသည့် ကတိကဝတ်များအတိုင်း တပ်မတော် စစ်ကြောင်းများ လိုက်နာေ ဆာင်ရွက်မည်ဟု ယုံကြည်သောကြောင့် RCSS/SSA ထိန်းချုပ်နယ်မြေများ အတွင်း နိုင်ငံရေးပါတီများ ပါတီစည်းရုံးရေး နှင့် မဲဆွယ်ရေးလုပ်ငန်းများအား လုပ်ဆောင်မည်ဆိုပါက RCSS/SSA ၏ သက်ဆိုင်ရာ ဆက်ဆံရေးရုံး တာဝန်ခံများထံ အသိပေးကာ လွတ်လပ်စွာ စည်းရုံးရေး ပြန်လည် လုပ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လွယ်လင်ဒေသခံများပြောကြားအချက် သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့ နယ် တောင် ဘက်ခြမ်းတွင် RCSS/SSA နှင့် အစိုးရတပ်မတော်အကြား စစ်ရေးတင်းမာနေသေးကြောင်း၊ သျှမ်းပြည်တပ်မတော် အခြေချ စစ်ကြောင်းများ တပ်ဖွဲ့များ အား အစိုးရတပ်မတော် တပ်ရင်း ၁၀ ထက်မနည်း စစ်ကြောင်းများခွဲကာ ပိုက်စိတ်တိုက် လိုက်လံရှာဖွေနေကြောင်း၊ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ ဝန်းကျင်အချိန်တွင် လွယ်လင်မြို့တောင်ဘက် ကွတ်ချိုးေ ကျးရွာအနီး နှစ်ဘက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း - ဟု အမည်မဖေါ်လိုသည့် ကျေးရွာအုပ်စုမှူး အကြီးအကဲ တဦးက ပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍သော်လည်းကောင်း၊ ထုတ်ပြန်ကြေငြာ ချက်နှင့် ပတ်သက်၍ သော်လည်းကောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်များထက် ဆက်သွယ်ရန်ကြိုး ပမ်းသော်လည်း အခွင့်မကြုံခဲ့ပေ။
ဖြစ်ပွားနေသောတိုက်ပွဲကြောင့် တတိုင်းပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် လက် မှတ်ရေးထိုးရေး အတွက် သျှမ်းပြည်တပ်မတော်မှ လက်မှတ် ထိုးမည် မထိုးမည် ယတ်တိ ပြတ် ပြောဆိုအတည်ပြုခြင်းမရှိပေ။

NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုလက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ေ နပြီဟု RCSS/SSA နှင့် ကရင်လက်နက် ကိုင်တပ်ဖွဲ့ များဖြစ်ကြာသည့် KNU, DKBA, KNU/KNLA-PC တို့ ဩဂုတ် ၁၆ ရက်နေ့ ရက်စွဲဖြင့်ပူးတွဲကြေငြာ ချက်ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
လွှတ်တော်ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးပြန်ဆင်းနိုင်ပြီဟု RCSS ထုတ်ပြန်   လွှတ်တော်ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးပြန်ဆင်းနိုင်ပြီဟု RCSS ထုတ်ပြန် Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.