ပြည်​ပ ​မွတ်​ဆ​လင်​အ​ဖွဲ့​က ​သ​မ္မ​တ​ဦး​သိန်း​စိန်​ကို ​တ​ရား​စွဲ

ရွေး​ကောက်​ပွဲ​နီး​လာ​ချိန်​မှာ ​သ​မ္မ​တ​က ​နိုင်​ငံ​တ​ဝန်း ​စည်း​ရုံး​ရေး ​ဆင်း​နေ
မြန်​မာ ​နိုင်​ငံ ​ရ​ခိုင်​ပြည်​နယ် ​အ​တွင်း​က ​မွတ်​ဆ​လင်​တွေ​ကို ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​တယ် ​ဆို​တဲ့ ​စွပ်​စွဲ​ချက်​တွေ​နဲ့ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​နဲ့ ​ဝန်​ကြီး ​တ​ချို့​ကို ​န​ယူး​ယောက်​မှာ ​ရှိ​တဲ့ ​အ​မေ​ရိ​ကန် ​ဖက်​ဒ​ရယ် ​တ​ရား​ရုံး​တစ်​ခု​က ​ဆင့်​ခေါ်​စာ ​ထုတ်​လိုက်​ပါ​တယ်။

မြန်​မာ​အ​စိုး​ရ​ဟာ ​ရို​ဟင်​ဂျာ ​တွေ​ကို ​မြန်​မာ ​မြေ​ပေါ်​မှာ ​မ​ရှိ​အောင်​လုပ်​တယ်၊ ​လူ​မျိုး ​တုန်း​အောင် ​လုပ်​တယ် ​ဆို​တဲ့ ​စွပ်​စွဲ​ချက် ​တွေ​နဲ့ ​အ​မေ​ရိ​ကန် ​က ​မွတ်​ဆ​လင် ၁၉ ​ဖွဲ့ ​ပူး​ပေါင်း ​ဖွဲ့​စည်း​ထား​တဲ့ Burma Task Force USA (BTF) ​အ​ဖွဲ့​က ​တ​ရား​စွဲ​ဆို​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

အ​စိုး​ရ ​ဘက်​က​တော့ ​မြန်​မာ ​နိုင်​ငံ​ဟာ ​အ​ချုပ်​အ​ခြာ ​အာ​ဏာ​ပိုင် ​နိုင်​ငံ​ဖြစ်​တယ်၊ ​သ​မ္မ​တ​နဲ့ ​အ​စိုး​ရ ​အ​ဖွဲ့​ဝင်​တွေ​ဟာ ​မြန်​မာ ​နိုင်​ငံ​ရဲ့ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​နဲ့ ​အ​ညီ ​ပေး​အပ်​ထား​တဲ့ ​အာ​ဏာ​ကို ​ကျင့်​သုံး​နေ​တာ​ဖြစ်​တဲ့ ​အ​တွက် ​တ​ခြား ​နိုင်​ငံ​ရဲ့ ​တ​ရား​ရုံး​မှာ ​သွား​ရောက် ​ဖြေ​ရှင်း​စ​ရာ ​မ​လို​ဘူး​လို့ ​သ​မ္မ​တ​ရုံး ​ညွှန်​ကြား​ရေး​မှူး ​ဦး​ဇော်​ဌေး​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။

လူ​မျိုး ​တုန်း​သတ်​ဖြတ်​တယ်​ဆို​တဲ့ ​သူ​တို့​ရဲ့ ​စွပ်​စွဲ​ချက် ​နဲ့ ​ပတ်​သက်​လို့​လည်း ​လူ့​အ​ခွင့် ​အ​ရေး ​ကောင်​စီ​မှာ ​တင်​သွင်း​တဲ့ ​အ​စီ​ရင်​ခံ​စာ​တွေ​တောင် ​တ​ခါ​မှ ​သုံး​နှုန်း ​ပြော​ဆို​တာ ​မ​ရှိ​ခဲ့​ဖူး​တဲ့ ​အ​တွက် ​မူ​လ ​စွဲ​ဆို​ချက်​ကို​က ​မှား​ယွင်း​တယ်​လို့ ​သူ​က ​ပြော​ဆို ​ပယ်​ချ​ပါ​တယ်။

လာ​မယ့် ​နို​ဝင်​ဘာ​လ ​ဆို​ရင် ​ရွေး​ကောက်​ပွဲ​တွေ ​လုပ်​တော့​မယ့် ​အ​ချိန်​မှာ ​အ​ခု​လို ​အ​မေ​ရိ​ကန်​ရောက် ​ဘ​င်္ဂါ​လီ ​အ​ရေး ​တက်​ကွှ​လှုပ်​ရှား​သူ​တွေ​ရဲ့ ​လုပ်​ဆောင်​မှု​က ​မြန်​မာ ​နိုင်​ငံ​ရဲ့ ​အ​ရေး​ကြီး​တဲ့ ​နိုင်​ငံ​ရေး ​လုပ်​ငန်း​စဉ်​ကို ​ပျက်​ပြား​စေ​ချင်​လို့​လား၊ ​တည်​ငြိမ်​အေး​ချမ်း ​နေ​တဲ့ ​အ​ချိန်​မှာ ​ပ​ဋိ​ပ​က္ခ​ဖြစ်​အောင် ​တ​မင် ​လုပ်​ဆောင်​တာ​လား​လို့ ​သံ​သ​ယ ​ရှိ​ကြောင်း​လည်း ​ဦး​ဇော်​ဌေး​က ​ပြော​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese/burma/2015/10/151002_president_burma_task_force
ပြည်​ပ ​မွတ်​ဆ​လင်​အ​ဖွဲ့​က ​သ​မ္မ​တ​ဦး​သိန်း​စိန်​ကို ​တ​ရား​စွဲ   ​ပြည်​ပ ​မွတ်​ဆ​လင်​အ​ဖွဲ့​က ​သ​မ္မ​တ​ဦး​သိန်း​စိန်​ကို ​တ​ရား​စွဲ Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.