မိုးညှင်းမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံများ ဒဏ်ရာရရှိ


 မိုးညှင်း အောက်တိုဘာ ၇

 ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ်မှာပင် ကချင်ပြည်နယ် မိုးညှင်း မြို့နယ် ထန်းတပင်ကျေးရွာ အရှေ့ဘက် တောတွင်း တစ်နေရာ၌ အောက်တို ဘာ ၅ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ မိုင်းစထိမှန်မှုကြောင့် မျှစ်ချိုးသွားသည့် ထန်းတပင်ကျေးရွာမှ မယုယုချို (၃၇ နှစ်)နှင့် မစန်းစန်းဦး (၄၈ နှစ်)တို့တွင် ဒဏ်ရာများရရှိခဲ့သည်။

မိုင်းစထိမှန် ဒဏ်ရာ ရရှိသူနှစ်ဦးကို မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။ ၄င်းတို့ အား အောက်တိုဘာ ၆ ရက်တွင် မိုးညှင်းမြို့နယ် နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် သက်လွင်က တစ်ဦးလျှင် ငွေကျပ်ငါးသောင်းစီ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက တစ်ဦးလျှင် ငွေကျပ်လေးသောင်းစီနှင့် ရွာသစ် ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များက ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

မိုးညှင်းမြို့နယ်တွင် ကေအိုင်အေမိုင်းကြောင့် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိ၍ တစ်နိုင်လုပ်ငန်းကျောက်စိမ်း ရွှေရှာဖွေ သူများ၊ တော တောင်၌ သဘာဝပေါက်ပင် ဟင်းသီးဟင်းရွက် မျှစ်၊ ဝါးနှင့် ထင်းရှာဖွေ လုပ်ကိုင်နေသူ လက်လုပ်လက်စား အရပ်သားများ သေဆုံး၊ ဒဏ်ရာရသူ များ တိုးပွားလျက်ရှိရာ ယခုနှစ်အတွင်း မိုင်းပေါက်ကွဲမှု ခုနစ်ကြိမ်ရှိပြီဖြစ် ကြောင်း ဌာနမှတ်တမ်းအရ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးညှင်းမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံများ ဒဏ်ရာရရှိ   မိုးညှင်းမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံများ ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.