နေပြည်တော်၌ လူသတ်မှုနှင့် မုဒိန်းမှုကျူးလွန်သူ(၄)ဦးအနက် ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦး ထပ်မံရမိ


နေပြည်တော် အောက်တိုဘာ ၈

နေပြည်တော်၌ စက်တင်ဘာ ၂၉ ရက် ညသန်းခေါင်ကျော်အချိန်တွင် လူ(၄)ဦး မှ ခင်ပွန်းဖြစ် သူ အားသတ်၍ ဇနီးသည်အား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ လူသတ်မှုနှင့် မုဒိန်းမှု ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာ ၆ ရက် ညနေ ပိုင်း က ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ကျန်နှစ်ဦး ကို အောက်တိုဘာ ၇ ရက် ညပိုင်းနှင့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတို့ တွင် သက်ဆိုင်သူများက လာရောက် အပ်နှံခဲ့သည်။

ဖြစ်စဉ်မှ ဖမ်းဆီးရန်ကျန်တရားခံနှစ်ဦးအနက်မှ ကောင်လေး(ခ) မျိုးဇော်ဝင်း (ခ)ကိုမျိုး (၁၆)နှစ် (ဘ)ဦးကျော်မြင့်အား အောက်တိုဘာ ၇ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ဇော်လေး (ခ) ဇော်မျိုးသူ(၂၀)နှစ် (ဘ)ဦးသန်းလွင် အား အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီတွင်လည်းကောင်း သက်ဆိုင် သူများက ဇမ္ဗူသီရိမြို့မရဲစခန်းနှင့် ဆက်သွယ်ပြီး အပ်နှံခဲ့ကြသည်။

သို့ပါ၍ နေပြည်တော်၌ လူသတ်မှုနှင့် မုဒိန်းမှု ကျူးလွန်သူ လေးဦးစလုံး ကို ပြည်သူနှင့် ပူးပေါင်း ပြီး ဖော်ထုတ်နိုင်မှုကြောင့် အမြန်ဆုံး ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နေပြည်တော်၌ လူသတ်မှုနှင့် မုဒိန်းမှုကျူးလွန်သူ(၄)ဦးအနက် ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦး ထပ်မံရမိ   နေပြည်တော်၌ လူသတ်မှုနှင့် မုဒိန်းမှုကျူးလွန်သူ(၄)ဦးအနက် ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦး ထပ်မံရမိ Reviewed by THITHTOOLWIN on 11:37 Rating: 5
Powered by Blogger.