ကချင်ပြည်နယ်တွင် ၉ မြို့နယ်အတွင်း ကျားဖြူပါတီ အနိုင်ရရေးကြိုးပမ်း

ဓါတ်ပုံ- ကချင်ပြည်နယ် ဗန်းမော် မြို့နယ်ဒေသခံလူထုအား ကျားဖြူပါတီဥက္ကဌကြီးက တွေ့ဆုံစည်းရုံးနေပုံ ( ဓါတ်ပုံ- ကျားဖြူပါတီ)
အောက်တိုဘာလ ၆ ရက် ၂၀၁၅

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ တွင် ကချင်ပြည်နယ်အတွင်း၁၈ မြို့နယ်အနက် ၉ မြို့နယ် အောင်နိုင်ရေး ကြိုးပမ်းလျှက်ရှိပြီး ကချင်ပြည်နယ် ၀န်ကြီးဖြစ်ဖို့လည်းရည်ရွယ်ကြောင်း ကျားဖြူပါတီ ဥက္ကဌ က ပြောသည်။

ကချင်ပြည်နယ်၌ မဲဆွယ်စည်းရုံးရာတွင် ကျားဖြူပါတီက လူအင်အား အများဆုံးပါတီဖြစ်ပြီး စည်းရုံးမှုလည်း အဆင်ပြေဆုံး ဖြစ်သည်ဟု ဆိုပါသည်။

“မဲဆွယ်စည်းရုံးရေးလုပ်တာ ၃ နာရီခွဲကနေ ၆ နာရီထိလုပ်တယ်။ အထူးခြားဆုံးကတော့ အဆင်ပြေဆုံးဘဲ သျှမ်းတွေလည်း အများကြီးဘဲ။ သူတို့က ကျားဖြူပါတီကို အားလုံးကူညီမယ်လို့ပြောတယ်။”ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အောက်တိုဘာ ၄ ရက်နေ့က မဟာသိမ် တော်ကြီးကျောင်းဝန်း၌ မဲဆွယ်စည်းရုံးရေးလုပ်ခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသားမျာကးလည်း ကျားဖြူပါတီအား ကချင်ဝန်ကြီးချုပ်ဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းကြောင်း ၊ ကျားဖြူပါတီ အတွက် မဲဆွယ်စည်းရုံးရေးတွင်လည်း အင်တိုက်အားတိုက် ကူညီကြောင်း စိုင်းအိုက်ပေါင်းက ပြောသည်။

“ကျားဖြူပါတီ ပါတီအောင်နိုင်ရေးကို ဒေသခံတွေကိုကူညီတယ်။ အင်တိုက် အားတိုက်ပါဘဲ။ ပါတီကိုယ်နှိုက် ကလည်း ၀န်ကြီးချုပ်ဖြစ်အောင် ကြိုးစား မယ်လို့ရည်ရွယ်ထားတယ်လေ။ ဘာကြောင့်လည်း ဆိုတော့ ကချင်မှာ က ၁၈ မြို့နယ်ဘဲရှိတယ်။ ကျားဖြူက ၉ မြို့နယ်ဝင်ပြိုင်တယ်။ ကျနော်တို့ အားလုံးနိုင် ရင် ပြီးပြီးလေ ။ ဖြစ်နိုင်ပြီလေ။ အခြေအနေ ကလည်းကောင်း တယ်။ အခြနေမကောင်းတာဆိုလို့ မြစ်ကြီးနားဘဲ ။ ကျန်တာ အားလုံးေ ကာင်း တယ်” ဟု ၄င်းကပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၅၇ နေရာအနိုင်ရခဲ့သော သျှမ်းတိုင်းရင်းသားပါတီတစ်ခုဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
https://www.facebook.com/Panglong.burmese
ကချင်ပြည်နယ်တွင် ၉ မြို့နယ်အတွင်း ကျားဖြူပါတီ အနိုင်ရရေးကြိုးပမ်း    ကချင်ပြည်နယ်တွင် ၉ မြို့နယ်အတွင်း ကျားဖြူပါတီ အနိုင်ရရေးကြိုးပမ်း Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.