ဟိုယာဒေသတွင် ဆေးဆရာ/မ မလုံလောက်၍ ကလေးငယ်များအသက်ဆုံးရှုံးမှုကြုံတွေ့နေရ


ကယားပြည်နယ် ဟိုယာဒေသက ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြသည့် ကလေးငယ်များ ဆေးအချိန်မှီကုသနိုင်ရန် ဆေးပေးခန်းတွင် ဆေးဆရာ၊ ဆရာမများ မရှိခဲ့သည့်အတွက် ကလေးများအသက်ဆုံးရှုံးနေကြရသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ရွာမှာ အဲ့လိုဆေးရုံအချိန်မှီမရောက်လို့ အသက်ဆုံးရှုံးသွားတဲ့ ကလေးတွေရှိတယ် ဒီနှစ်ထဲမှာ ၂ယောက် ၃ယောက်လောက်ရှိတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေလို့လေး။” ဟိုယာ ဒေသခရှိ ထေခိုကျေးရွာမှ ဦးမာတေးအို ကပြောသည်။

ထေခိုကျေးရွာတွင် ၁နှစ် နှင့် ၁နှစ်ခွဲအရွယ် ကလေးငယ်များ ဆေးအချိန်မှီမကုသနိုင်၍ အသက်ဆုံးရှုံးသွားသော ကလေးငယ်များ ၃ယောက်ရှိနေကြောင်း သိရသည်။


ခါးဘယ်ကျေးရွာတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော အပြင် ချောင်းဆိုးလျှင်သွေးပါနေသည်ဟုလည်း ခါးဘယ်ရွာမှ ကလေးမိခင်ဖြစ်သူ ဒေါ်ထရေးဇာက ပြောသည်။

“အခုကလေးတွေက ချောင်းဆိုးနေတာတွေများတယ် နောက်ပြီးချောင်းဆိုးရင် သွေးတွေပါ ပါလာတယ် ” ဟု ဒေါ်ထရေးဇာက ပြောသည်။

၎င်းဒေသဘက်တွင် သောက်သုံးရေများ သန့်ရှင်းစွာမရရှိခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း၊ ဆေးဝါးများမမှီဝဲနိုင်ကြရခြင်း ကျန်းမာရေးအပြည့်အဝစောင့်ရှောင့်မှုမရခြင်း တို့ကြောင့် ကျန်းမာရေး အပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရသည်ဟု ခါးဘယ်ရှာမှ ဦးပေါလူကပြောသည်။

“ကလေးတွေက သူတို့ဖြစ်လာပြီဆိုရင် ကျွန်တော်တို့က ဆေးတွေလုံလောက်အောင် မတိုက်ကျွေးနိုင်ဘူးကော ပြီးတော့ သူတို့ကလည်း အစာတွေမရှောင်ဘူးလေး” ဟု ပြောသည်။

၎င်းတို့ကျေးရွာထဲတွင် ဆေးခန်းများ ဆေးဝါးများလုံလောက်စွာမရှိခြင်း ၊ ဆေးဆရာမကလည်း တစ်လမှ၁ကြိမ် ဆေးလာရောက်ကုသပေးသည့် အတွက် ကလေးများ ဖျားနာသည့်အချိန်တွင် ဆေးဆရာမ မရှိခြင်း တို့ဖြစ်နေသည်ဟု သိရသည်။

ယခုလထဲတွင် ၎င်းတို့ကျေးရွာတွင်း ကလေးငယ်ပေါင်း ၅ဦးခန့် ချောင်းဆိုးသွေးပါဖြစ်နေကြောင်း အချို့ကလေးများမှာ ရိုးရိုးချောင်းဆိုးခြင်း ၊ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်နေကြသည်ဟု သိရသည်။

ကလေးသူငယ်များကျန်းမာရေးစောင့်ရှောင့်ခံယူမှု အခွင့်အရေးရပိုင်ခွင့် နှင့်ပတ်သက်၍ ၎င်းဒေသဘက်တွင် သက်ဆိုင်ရာမှ တာဝန်ယူပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများ လိုအပ်နေဆဲဖြစ်သည်။

ဟိုယာကျေးရွာကျေးလက်ဆေးပေးခန်းမြင်တွေ့ရစဉ်။ ဓါတ်ပုံ မူအက်စတာ

Kantarawaddy Times
https://www.facebook.com/kantarawaddytimes

ဟိုယာဒေသတွင် ဆေးဆရာ/မ မလုံလောက်၍ ကလေးငယ်များအသက်ဆုံးရှုံးမှုကြုံတွေ့နေရ  ဟိုယာဒေသတွင် ဆေးဆရာ/မ မလုံလောက်၍ ကလေးငယ်များအသက်ဆုံးရှုံးမှုကြုံတွေ့နေရ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.