လင်မယားချင်းစကားများစဉ် တုတ်ဖြင့်ရိုက်၍ သေဆုံး


 နေပြည်တော်၊ စက်တင်ဘာ ၃၀

 ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်တောကျေးရွာနေ မျက်ချင်းနုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် နေအိမ်၌ရှိနေစဉ် ၎င်းကျေးရွာနေ ဒေါ်နု(၅၁)နှစ်နှင့် ဦးညွန့်မောင်(၅၈)နှစ်တို့ လင်မယားချင်း ရန်ဖြစ်နေကြောင်းသိရ၍ သွားရောက်ကြည့်ရှုရာ ဦးညွန့်မောင်မှာ ဒဏ်ရာများဖြင့် သတိလစ် နေသည်ကိုတွေ့ရှိရသည်။

 မေးမြန်းချက်အရ ဦးညွန့်မောင်သည် ဒေါ်နုထံ အရက်ဖိုးတောင်းစဉ် လင်မယားချင်းစကားများရန်ဖြစ်ကြရာ ဦးညွန့်မောင် က ဖင်ထိုင်ခုံ/အရှည်(၃)ပေ၊ လုံးပတ်(၅) လက်မခန့် ထင်းချောင်းတို့ဖြင့် ရိုက်ရန်ပြင်ရာ ဒေါ်နုမှ ထင်းချောင်းအားလုယူပြီး ပြန်လည်ရိုက်နှက် ခဲ့သဖြင့် ဦးညွန့်မောင်တွင် ဒဏ်ရာများရှိခဲ့ကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းရာ နောင်ချိုမြို့မရဲစခန်း(ပ)၁၀၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်စစ်ဆေးနေစဉ် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ဦးညွန့်မောင်မှာ သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
လင်မယားချင်းစကားများစဉ် တုတ်ဖြင့်ရိုက်၍ သေဆုံး  လင်မယားချင်းစကားများစဉ် တုတ်ဖြင့်ရိုက်၍ သေဆုံး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.