တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား လျှော့ချမည်


 တရုတ်သမ္မတ ရှီကျင်းပင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်သည်အင်အား ၂၃ သိန်းထဲကနေ ၃ သိန်း လျှော့ချသွားမယ်လို့ ဒီကနေ့ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇ဝ ပြည့် အခမ်းအနား မိန့်ခွန်းမှာ တရုတ်သမ္မတ ရှီကျင်းပင်က ကတိပြုပြောကြား လိုက်ပါတယ်။

စစ်ဒဏ်ကြောင့် ငြိမ်းချမ်းရေးကိုပိုပြီး တန်ဖိုးထားတတ်စေကြောင်း၊ တခြားနိုင်ငံရဲ့ကျူးကျော်မှုကို ခံခဲ့ဖူးတာကြောင့် ဒီအတွေ့အကြုံကို တခြားနိုင်ငံတွေကို မခံစားစေလိုကြောင်း၊ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် သူတပါးနိုင်ငံကို ကျူးကျော် လွှမ်းမိုးချယ်လှယ်ဖို့ ကြိုးစားမှာ မဟုတ်ကြောင်းလည်း ဒီကနေ့အခမ်းအနားမှာ တရုတ်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဖက်ဆစ် ဂျပန်ကို အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အခမ်းအနားကို မြန်မာ သမ္မတ ဦးသိန်းစိန် အပါအဝင် ရုရှသမ္မတ ဗလာဒီမာ ပူတင်၊ တောင်ကိုရီးယား သမ္မတ ပါတ် ဂျင်ဟူ၊ UN အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းနဲ့ ကမ္ဘာတလွှားက ခေါင်းဆောင်တွေ တက်ရောက်တယ်လို့ သိရပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/pages/RFA-Burmese
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား လျှော့ချမည်    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား လျှော့ချမည် Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.