ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီ ဒေါ်လာ ၂၉၃ သန်းကို အသုံးပြုပြီး မိုင် ၃ဝ ရှည်လျားတဲ့ ရန်ကုန်မြို့ပါတ်ရထား အဆင့်မြှင့်တင်ရေး စီမံကိန်းကို စတင်တော့မှာ ဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းမှာ ရထားသစ်၊ တွဲ၊ ထိုင်ခုံ၊ စက်ခေါင်းသစ်တွေ ဝယ်ယူတာတွေအပါအဝင် နည်းပညာပိုင်း တိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။
ဘူတာရုံ ၂၉ ရုံရှိပြီး၊ တစ်ပတ်အပြည့်ပတ်ဖို့ ၂ နာရီ မိနစ် ၂ဝ ကြာတဲ့ ရန်ကုန်မြို့ပတ်ရထားကို လောလောဆယ် လူဦးရေ ၉ သောင်းလောက် မှီခိုအားထားနေရပါတယ်။
ဒီစီမံကိန်းအတွက် ဂျိုက်ကာ ခေါ် ဂျပန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအဖွဲ့က ငွေကြေးစိုက်ထုတ်ကူညီပေးထားပြီး အဆင့်မြှင့်တင်ရေး စီမံကိန်းအားလုံး ၂ဝ၂၁ ခုနှစ်မှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
ရန်ကုန်မြို့ပါတ်ရထား အဆင့်မြှင့်တင်ရေး စီမံကိန်း စတော့မည်
Reviewed by THITHTOOLWIN
on
18:19
Rating: