အမျိုးသမီးတစ်ဦးသေဆုံးမှုကို သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ လူသတ်မှုပေါ်ပေါက်


 ပခုက္ကူ စက်တင်ဘာ ၂၈

 ပခုက္ကူမြို့နယ် ကျွဲတဲအုပ်စု အောင်ချမ်းသာရပ်ကွက်၌ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦးကို ၄င်း၏နေအိမ်ဘုရားစင်ရှေ့၌ ပါးစပ် နှင့်နှာခေါင်းတွင် အဝတ်စည်း၍ သေဆုံးလျက်တွေ့ရှိခဲ့မှုကို ကနဦး သေမှု သေခင်းဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီ မိနစ် ၅ဝ က ပခုက္ကူ မြို့နယ် အောင်ချမ်းသာရပ်ကွက်၌ ဒေါ်ငွေအိ (၅၂ နှစ်)သည် ၄င်း၏နေအိမ် ခေါင်းရင်း ဘုရားစင်အောက်၌ ပါးစပ်နှင့်နှာခေါင်း၌ အဝတ်စည်းလျက် မှောက် လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းအမျိုး သမီးသေဆုံးမှုနှင့်ပတ်သက်၍ ပခုက္ကူမြို့နယ် မြို့မရဲစခန်းက ကနဦး အမှုဖွင့်ထားပြီး အမှုစစ်ဒုရဲမှူးကျော်စိုးသည် စက်တင်ဘာ ၂၇ ရက်က သေဆုံးသူအမျိုးသမီး နေထိုင်သောရပ်ကွက်အတွင်းသို့ သွားရောက်စစ်ဆေး ချက်အရ အခင်းဖြစ်ည ၉ နာရီက ကျော်သက်လွင်ဦးသည် ¤င်း၏အဒေါ်ဖြစ်သူ ဒေါ်ငွေအိအိမ်သို့ ငွေတောင်းရန် တစ်ရပ်ကွက်တည်းနေ စံညိမ်းအောင်နှင့်အတူ သွားခဲ့ပြီး ငွေတောင်းခဲ့ကြောင်း၊ ငွေတောင်းမရ၍ ဒေါ်ငွေအိ၏လည်ပင်းကို ညှစ်ရာမှ လက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း၊ စံညိမ်းအောင်အား ဒေါ်ငွေအိ ၏ နှစ်ခေါင်းနှင့်ပါးစပ်ကို အဝတ်ဖြင့် ပိတ်စည်းခိုင်းခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းအမှုဖွင့်ထားရှိခဲ့ရာမှ သေဆုံးသူ ဒေါ်ငွေအိထံ ငွေတောင်းခံသည်ကို မရသဖြင့် ယင်းပြစ်မှုကျူးလွန်သူ ကျောက်သက်လွင်ဦး (၁၉ နှစ်) နှင့် စံညိမ်းအောင် (ခေါ်) ဖိုးစံ (၁၉ နှစ်)တို့ နှစ်ဦးကို ပခုက္ကူမြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမျိုးသမီးတစ်ဦးသေဆုံးမှုကို သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ လူသတ်မှုပေါ်ပေါက်  အမျိုးသမီးတစ်ဦးသေဆုံးမှုကို သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ လူသတ်မှုပေါ်ပေါက် Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.