ဝိုင်းဝန်းရိုက်နှက်၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


 နေပြည်တော် စက်တင်ဘာ ၂၈

 စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီခွဲက ကယားပြည်နယ် လွိုင်ကော်မြို့နေ ဦးလှမြင့်သည် နေအိမ်၌ရှိနေစဉ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နေ တူဝမ်းကွဲတော် စပ်သူ အောင်နိုင်ထွန်း (၂၃နှစ်)မှာ အရိုက်ခံရ၍ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုရာ အောင်နိုင်ထွန်းသည် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

မေးမြန်းချက်အရ အောင်နိုင် ထွန်းသည် တစ်ရပ်ကွက်တည်းနေ ရှုမောင်(၁၉ နှစ်)၊ လောသူ (ခ)အောင်အောင်(၂၃ နှစ်) နှင့် ဟိန်းမင်း အောင်(၂ဝ နှစ်)တို့ လေးဦးသည် ယင်းနေ့ည ၉ နာရီခန့်က နောင်ယား ကန်သို့သွားရောက်ခဲ့ပြီး ည ၉ နာရီခွဲ တွင် နေအိမ်သို့ပြန်ရန် ဆိုင်ကယ် အပ်သည့်နေရာ၌ ဆိုင်ကယ်သွားယူ စဉ် လူငယ် ၁၅ ဦးခန့်ရောက်ရှိလာပြီး ¤င်းတို့ရန်ဖြစ်စဉ်က ပါဝင်သည်ဟု ပြောဆိုကာ ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက် ခဲ့၍ အောင်နိုင်ထွန်းတို့ လေးဦး အနက် အောင်နိုင်ထွန်းမှာသေဆုံး ခဲ့ပြီး ကျန်သုံးဦးမှာ ဒဏ်ရာများရရှိ ၍ အရေးယူပေးပါရန် တိုင်တန်းခဲ့ သည်။

လွိုင်ကော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဖော်ထုတ်ခဲ့ရာ လွိုင် ကော်မြို့ နောင်ယား(က) ရပ်ကွက်နေ ဇော်ဝင်းအောင်(ခ) ပိန်ညောင်(၂၂ နှစ်)၊ တစ်ရပ်ကွက်တည်းနေ သီဟ ကိုကို မောင်(ခ)သားကြီး (၁၇ နှစ်)၊ အောင်သူဝင်း (၁၇ နှစ်)၊ မောင် မောင်(ခ) စိုးမိုး(၁၉ နှစ်)၊ ညီညီထွန်း (၁၇ နှစ်)၊ ဘအေး(၁၈ နှစ်)၊ ဖိုးဇော် (ခ)သန့်ဇင်ဦး(၂၂ နှစ်)၊ အောင်တီ(ခ)ခွန်ပြည့်ထွန်း(၁၇ နှစ်)၊ ခွာထူး(ခ) ရဲရင့်ကျော်(၂၁ နှစ်)၊ ကိုဟိန်း (၁၇ နှစ်)၊ ဘင်ဇင်း(ခ) ဇေယျာထွန်း (၁၇ နှစ်)၊ သားငယ်(ခ) ရှိုင်းမင်းဦး(၁၇ နှစ်)၊ ဆိုတေးဒို(ခ)မောင်ရိ(၁၇ နှစ်)နှင့် လွိုင်ကော်မြို့နယ် မလောခူ ကျေးရွာနေခွန်းငယ်(ခ)ကာဗြည်း လယ် ဒွေအေး (၁၇ နှစ်) တို့ ၁၄ ဦး အား စက်တင်ဘာ ၂၆ ရက် နံနက် ၃ နာရီ ၅ မိနစ်က ဖမ်းဆီးရမိ၍ အမှုဖွင့် ဆက်လက်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

 ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဝိုင်းဝန်းရိုက်နှက်၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ  ၀ိုင်းဝန်းရိုက်နှက်၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.