မန္တလေး မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၆)လုံး ဆုံးရှုံး


 မန္တလေး၊ စက်တင်ဘာ- ၆

 မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၃၆×၃၇)ကြား (၇၈×၇၉)ကြား သံလမ်းဘေး ဟေမမာလာမြောက်ရပ်ကွက် အကွက် အမှတ် (၆၄၇) ဦးဝင်းမြင့် နေအိမ်မှ စက်တင်ဘာလ (၆)ရက် နံနက် ၈နာရီ ၄၀မိနစ် အချိန်က လျှပ်စစ် ပန်ကာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းရာ နေအိမ် (၆)လောင် မီးလောင်ဆုံးရှုံးခဲ့ပြီး ၈ နာရီ ၅၅ မိနစ်တွင် မီးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၉နာရီ ၁၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။


မီးလောင်ရာသို့ မီးသတ်ကား (၆၀)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး အရံမီးသတ်တပ်ဖွဲ့ (၁၅၀)ဦးတို့ဖြင့် ငြိမ်းသတ်ခဲ့ပြီး အထက်မြန်မာပြည်မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်ကျော်ဇောက အနီးကပ်ကြီး ကြပ်မီးငြိမ်းသတ်ကာ ဒေသအာဏာပိုင်များဖြစ်သော ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည် များကို ဖြည့်ဆည်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ထံရံကာ၊ သွပ်မိုး (၂)ထပ်အိမ် (၃)လုံး၊ နှစ်ထပ်ပျဉ်ထောင် (၂)လုံး၊ နံကပ် (၂)ထပ် (၁)လုံး စုစုပေါင်း အိမ်(၆)လုံး မီးလောင်ခဲ့ပြီး မီးလောင်မှုအဆင့်ကို အဆင့်(၃)အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။ မီးလောင်မှုကြောင့် ဆေးရုံသို့ (၁)ဦးပို့ဆောင်ပေးခဲ့ရသည့်အပြင် မီးသတ်သမား (၁)ဦးနှင့် အရပ်သား (၁)ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုအကြောင်းအရင်းကို မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မန္တလေး မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၆)လုံး ဆုံးရှုံး   မန္တလေး မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၆)လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.